မသန်စွမ်းတဲ့ယောကျ်ားကို ခြိမ်းခြောက်ပြီး သူတောင်းစားလုပ်ခိုင်း (ရုပ်သံ)
24 Dec 2019 1,542 Views
မွေးရာပါ မသန်စွမ်းဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို လူကောင်းပကတိ အမျိုးသမီးတစ်ဦးက လက်ထပ်လိုက်တဲ့အခါ ထိုအမျိုးသမီးကို လူတွေက စိတ်ထားပြည့်ဝလိုက်တာလို့ ကောင်းချီးမင်္ဂလာ ပေးကြပါလိမ့်မယ်။ အချစ်စစ်ဆိုတာ ဒါပဲလို့ အားကျချင်ကျနေကြပါလိမ့်မယ်။ ဒါပေမယ့် အခုသတင်းမှာ ဖော်ပြမယ့် အမျိုးသမီးကတော့ အခုလိုမဟုတ်ပဲ စီးပွားတွက် တွက်ခဲ့တာဖြစ်ပါတယ်။ မသန်းစွမ်းမှုကို အကြောင်းပြပြီး ခင်ပွန်းကို လမ်းဘေးမှာ ခွက်တစ်လုံးနဲ့ တောင်းစားခိုင်းခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က အွန်လိုင်းပေါက်မှာ ပျံ့ခဲ့တဲ့ ရုပ်သံမှာ ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဦးထုတ်နောက်ပြန်ဆောင်းထားပြီး ခါးလေးကိုင်းနေရှာတဲ့ မသန်စွမ်း ခင်ပွန်းကို ပလပ်စတစ်ခြင်း အနီရောင်လေးနဲ့ လမ်းပေါ်မှာ ပိုက်ဆံလိုက်တောင်းဖို့ အမိန့်ပေးနေပါတယ်။ အမျိုးသားက ရှက်လို့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေချိန်မှာ အနီးနားက ခဲတွေကိုကောက်ပြီး ပစ်ပေါက်လိုက်မယ်လို့ ရွယ်ကာ ခြိမ်းခြောက်ပြောဆိုနေတာကို တွေ့ရပါတယ်။
အဖြစ်ပျက်ဟာ အင်ဒိုနီးရှားနိုင်ငံက လူအသွားအလာများတဲ့ ပါလမ်ဘန်း လမ်းမကြီးဘေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံထဲမှာ အမျိုးသမီးက “ပိုက်ဆံတစ်ပြားမှ မရလာရင် အိမ်ပြန်လာဖို့ စိတ်မကူးနဲ့” လို့ ဒေါကြီးမောကြီးနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။