BEC-TERO TV

ပိုက်ဆံလိုလို့ လက်ဝှေ့ဝင်ထိုးတဲ့ တက္ကသိုလ်ကျောင်းသား ကြိုးဝိုင်းထဲမှာတင်သေဆုံး (ရုပ်သံ)

23 Dec 2019     1,537 Views


တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းသားတစ်ဦးဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် ပိုက်ဆံလိုနေတဲ့အတွက် ကစ်ဘောက်ဆင် ဝင်ထိုးရာ တစ်ဖက်က ကစားသမားအစစ်ရဲ့ လက်ချက်နဲ့ ကြိုးဝိုင်းထဲမှာတင် လဲကျပြီးနောက် သေဆုံးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ‘မင်းကျိကျင်း’ ဆိုသူ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ချန်ဒူးစီရင်စုမှာ ပြုလုပ်တဲ့ လက်ဝှေ့ပွဲကို ဆုကြေးငွေ ၃၂၃ ယွမ်(ကျပ် ၆ သောင်းကျော်) ရလိုဇောဖြင့် ဝင်ရောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် “ဝမ်ဟာရန်” အသက် ၁၉ နှစ်ဟာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး ၁၁ ပွဲနိုင် ရှုံးပွဲမရှိသေးတဲ့ သူဖြစ်ပါတယ်။ ‘မင်း’ ကတော့ ဒီပြိုင်ပွဲအတွက် တစ်လလောက်ပဲ လေ့ကျင့်ထားရသေးတဲ့ လူသစ်ဖြစ်ပါတယ်။

ပြိုင်ပွဲစပြီး ပထမအချီ ၃၆ မိနစ်မှာတင် ‘မင်း’ လဲကျသွားခဲ့ပြီး လုံးဝပြန်မထလာနိုင်တော့ပါဘူး။ ဆေးရုံပို့တဲ့အခါမှာတော့ ကိုမာရသွားကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီနောက် ဒီဇင်လာလ ၂၀ ရက်နေ့က ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွက် ပွဲစီစဉ်သူ MonsterPWC မှ တာဝန်ရှိသူတွေကို ရဲအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ဖြစ်တဲ့ ကစားသမား “ဝမ်” ကိုလည်း အပြင်အထန်နာကျင်စေမှုနဲ့ ထိမ်းသိန်းထားပါတယ်။

သေဆုံးသူ “မင်း” ရဲ့ မိသာစုတွေဟာ လယ်သမားတွေဖြစ်ကြပြီး ဆေးကုသမှုကုန်ကျစရိတ်တွေအတွက် အကျပ်အတည်းဆိုက်နေပါတယ်။ မိသားစုဝင်တွေက အလောင်းကို ရင်ခွဲစစ်ဆေးပြီး တရားဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို မေတ္တာရပ်ခံထားပါတယ်။


23 Dec 2019     1,537 Views




RELATED

Most Popular of Special or Others

Most Popular of NEWS