ဇာတ်ကားထဲမှာ ဝတ်ခဲ့တဲ့အင်္ကျီတွေကို ရိုက်ကူးရေးအဖွဲ့သားတွေဆီ ပြန်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ
23 Dec 2019 2,183 Views
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ညီနန္ဒကိုတော့ ပရိသတ်ကြီးက ဟိုးအရင်ကတည်းက အကျွမ်းတဝင်ရင်းနှီးပြီးသားဖြစ်မှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက အနုပညာလောကထဲမှာ အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး ဗီဒီယိုတွေထဲမှာရော ရုပ်ရှင်ကားကြီး တော်တော်များများမှာပါ အမြဲမြင်တွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ ကျရာဇာတ်ရုပ်ကိုလဲ အလိုက်ဖက်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးမို့ ပရိသတ်ရဲ့ အခိုင်အမာအားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဗီဒီယိုလောကကြီး ပျက်စီးသွားတဲ့နောက် ရုပ်ရှင်ကားတွေမှာ အတွေ့နည်းသွားရပေမယ့် သရုပ်ဆောင်ညီနန္ဒကတော့ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း MNTV ရုပ်သံလိုင်းရဲ့ တီဗီစီးရီးတစ်ခုဖြစ်တဲ့ “အိပ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။
သရုပ်ဆောင်ညီနန္ဒကတော့ ဇာတ်လမ်းတွဲရိုက်ကူးပြီစီးတဲ့နေ့မှာ အမှတ်တရအနေနဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲ့တာကတော့ ဇာတ်လမ်းတွဲထဲမှာ သူရိုက်ကူးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို ရိုက်ကူးရေးအဖွဲ့သားတွေဆီ ပြန်လည်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ရိုက်ကူးရေးအဖွဲ့သား အယောက် (၃၀) ကျော်ကို အဝတ်အစားတွေ လှူဒါန်းပေးခဲ့မှုကိုတော့ ဗီဒီယိုလေးရိုက်ကာ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ အမှတ်တရအဖြစ် တင်ထားတာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ စိတ်သဘောထားဖြူစင်ပြီး သဒ္ဒါတရားလဲထက်သန်တဲ့ သရုပ်ဆောင်ညီနန္ဒရဲ့ ဗီဒီယိုလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ‘အိပ်မက်တွေမိုးထားတဲ့ အိမ်’ ရုပ်ရှင်ဇာတ်လမ်းတွဲဟာလဲ မကြာခင်ဖေဖော်ဝါရီလအတွင်းမှာပဲ mntv ရုပ်သံလိုင်းကနေ ပြသသွားတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှအားပေးလိုက်ကြပါဦးနော်…
(ပိုပိုလေး)