နှစ်လအတွင်း ပြည်ပရင်းနှီးမြုတ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော် မြန်မာနိုင်ငံကိုဝင်ရောက်
23 Dec 2019 1,450 Views
၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ် အစပိုင်း ၂ လအတွင်းမှာပင် မြန်မာ့စီးပွားရေးကဏ္ဍ ၆ ခုသို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု ၁.၀၂ ဘီလီယံဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြုတ်နှံမှုနဲ့ ကုမ္ပဏီစီမံကြီးကြပ်ရေးဦးစီးဌ့ာန (DICA) က စနေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။
ရင်းနှီးမြုတ်နှံမှုများဟာ အောက်တိုဘာလမှ စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ထိ မြန်မာ့ရင်းနှီးမြုတ်နှံမှုကော်မရှင်က စုစုပေါင်း နိုင်ငံခြားလုပ်ငန်းစု ၃၉ ခုကို စွမ်းအင်၊ အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်မှု၊ မွေးမြုရေးနှင့်ရေလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍများအတွက် လုပ်ကိုင်ခွင့်ပြုရန် ရှိနေကြောင်း သိရသည်။
အားလုံးထဲမှာ စွမ်းအင်ကဏ္ဍက ရင်းနှီးမြုတ်နှံမှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၀၃ မီလီယံရှိကာ အိမ်ခြံမြေကဏ္ဍက အမေရိကန်ဒေါ်လာ ၄၁၇ မီလီယံနဲ့ ဒုတိယလိုက်နေကြောင်း သိရသည်။
လက်ရှိအတောအတွင်းမှာ လုပ်ကိုင်ခွင့်ရထားသော လုပ်ငန်းစုများမှာ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း နှင့် ဗြိတိန်နိုင်ငံတို့မှ ဖြစ်သည်။ DICA ရဲ့ အညွှန်းကိန်းများအရ ပြီးခဲ့သည့် ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အမေရိကန်ဒေါ်လာ ၄,၁၅ ဘီလီယံရှိကြောင်း သိရသည်။
ပြည်တွင်းနဲ့ ပြည်ပရင်းနှီးမြုတ်နှံသူများအားလုံးက ရန်ကုန်တိုင်းဒေသကြီးကို ၆၀% နဲ့ အများဆုံး စိတ်ဝင်စားခဲ့ကြပြီး မန္တလေးက ၃၀% နဲ့ ဒုတိယလိုက်ကာ ကျန်ရာခိုင်နှုန်းအနည်းငယ်က အခြားတိုင်းနဲ့ပြည်နယ်များ ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ် - ဆင်ဟွာ