သွားတိုက်ဆေးဗူး ညှစ်တဲ့ကိစ္စမှာ ညှိမရလို့ လင်မယားကွဲ
20 Dec 2019 1,646 Views
အိမ်ထောင်ရေးဆိုတာ အပြောကျယ်လှသည်။ အိမ်ထောင်ရေးသာယာဖို့ ဘယ်သူ့ကိုမှ စံပြုပြီး ပုံတူကူးချလို့မရ၊ စုံတွဲတစ်တွဲနဲ့တစ်တွဲ အတွေ့အကြုံတွေက မတူပါ။ ဒါကြောင့် ကိုယ့်အိမ်ထောင်ရေးမှာလည်း အခြားသူတွေရဲ့ အိမ်ထောင်ရေးပုံစံတွေ သွပ်သွင်းလာလျှင်လည်း ပျက်ဆီးတတ်ပါတယ်။
ခွင့်မလွှတ်နိုင်တဲ့ ပြဿနာအကြီးစားတွေကသာလျှင် အိမ်ထောင်ကွဲတတ်တာမဟုတ်ပဲ ဘာမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေကနေလည်း အိမ်ထောင်ကွဲသွားတဲ့ထိ ဖြစ်တတ်ပါတယ်။
မလေးရှားနိုင်ငံက စုံတွဲတစ်တွဲကတော့ သွားတိုက်ဆေးဗူးညှစ်ရာမှာ တစ်ဦးနဲ့တစ်ဦး ညှိလို့မရတဲ့အတွက် ဘာသာရေးတရားရုံးမှာ ကွာရှင်းခွင့် တင်ခဲ့ကြပါတယ်။
ခင်ပွန်းဖြစ်သူက သွားတိုက်ဆေးဗူးကို ဖင်ပိုင်းကနေ စညှစ်ပေမယ့် ဇနီးဖြစ်သူက အဆင်ပြေတဲ့နေရာကနေ ညှစ်ပြီး သွားတိုက်ဆေး ထည့်တတ်တဲ့ကိစ္စအပေါ် အကြိမ်ကြိမ် ပြဿနာတက်ကြပြီး ညှိလို့မရတဲ့အဆုံး ကွာရှင်းဖို့ နှစ်ဦးစလုံးက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
တရားရုံးတော်က သူတို့လင်မယားကို အမျိုးမျိုးကြိုးစားပြီး နားချခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကွာရှင်းခွင့်ပြုလိုက်ရပါတယ်။
အခုလိုမျိုး ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးနဲ့ လင်မယားကွာရှင်းခဲ့ကြတဲ့ နောက်ထပ် စုံတွဲတစ်တွဲရှိပါသေးတယ်။ အမျိုးသမီးက သူအရမ်းသဘောကျနှစ်သက်နေတဲ့ အမျိုးသားကို ရအောင်ကြိုးစားပြီး လက်ထပ်ခဲ့ကြပါတယ်။ လင်မယားဖြစ်လာတဲ့အခါ အမျိုးသားကလည်း နဂိုကတည်းက ခပ်အေးအေး တိတ်တိတ်ဆိတ်ဆိတ်သမားမို့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့ထိ ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသမီးက သူမရဲ့ခင်ပွန်းသည် တိတ်တိတ်ဆိတ်ဆိတ် အေးတိအေးစက် နေတတ်တဲ့ အကျင့်အပေါ် ငြီးငွေ့လာပါတယ်။ တစ်ကယ်တော့ အမျိုးသားဟာ ငယ်ငယ်ကတည်းက အေးအေးဆေးဆေးနေတတ်တဲ့ အကျင့်ရှိသူပါ။ နောက်ဆုံးမှာလည်း သူတို့စုံတွဲဟာ ခင်ပွန်းသည်က ပျင်းစရာကောင်းတယ်ဆိုတဲ့ ကိစ္စသေးသေးလေးနဲ့ပဲ ကွာရှင်းခဲ့ကြပါတယ်။
ဒါကြောင့်မို့ အိမ်ထောင်ရေးမှာ သီအိုရီမရှိ အပြန်အလှန် နားလည်မှုနဲ့ အပေးအယူမျှတမှသာ ခရီးဆုံးတိုင် လက်တွဲသွားနိုင်ပါလိမ့်မည်။