BEC-TERO TV

ပိုင်တံခွန်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ပြတ်ပြတ်သားသားပြောလိုက်တဲ့ ထူးအောင်

17 Dec 2019     2,168 Views


ရုပ်ရည်ခပ်ဖြောင့်ဖြောင့် ဘော်ဒီတောင့်တောင့်တင်းတင်း ကြွက်သားအဖုအထစ်တို့ပြည့်နေတဲ့ခန္ဓာကိုယ်နဲ့ အားကိုးချင်စရာ ယောကျာ်းပီသသူကြီးမို့ မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်ထဲက ကိုယ်ရံတော်မင်းသားလေးဖြစ်နေတဲ့ ထူးအောင်နဲ့ အရပ်ရှည်ရှည်သွယ်သွယ် ဆံပင်ရှည်​လေးနဲ့မှ ထူးခြားပြီးလှနေသူ၊ ချောမောပြေပြစ်တဲ့မျက်နှာလေးပေါ်မှာ အပြုံးချိုချိုလေးတွေကို အမြဲဆောင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသဲကို ဖမ်းစားထားတဲ့ ပိုင်တံခွန်တို့ကတော့ မိန်းကလေးပရိသတ်တွေက အခိုင်အမာဝန်းရံနေကြသူတွေဖြစ်ပြီး လတ်တလော လူငယ်အနုပညာရှင်တွေထဲမှာလဲ ဒိတ်ဒိတ်ကြဲနာမည်ကြီးနေသူတွေ ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ထူးအောင်နဲ့ ပိုင်တံခွန်တို့နှစ်ယောက်ရဲ့ Romantic ဆန်ဆန် အသဲယားစဖွယ်ရိုက်ကူးထားတဲ့ပုံရိပ်တွေက လူမှုကွန်ယက်မှာ အတော်လေးကိုပျံ့နှံ့ခဲ့တာပါ။ ထူးအောင်နဲ့ပိုင်တံခွန်က အာရှမှာအရမ်းကိုခေတ်စားနေတဲ့ ပုံစံအတိုင်း ယောကျာ်းလေးစုံတွဲရဲ့ Bromance ဆန်နေပုံကို ရိုက်ကူးပေးခဲ့တာဖြစ်ပြီး နှစ်ယောက်သားကိုကြည့်ရသည်မှာလဲ အသက်ဝင်လွန်းလို့ ကြည့်မိသူတိုင်းကို အသဲယားစဖွယ်ဖြစ်စေခဲ့ပြီး ဝေဖန်မှုတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးကို ဝန်းရံနေကြတဲ့ အမျိုးသမီးထုကြီးကတော့ ထိုပုံရိပ်တွေကြောင့် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ကို အထင်မှားပြီး ဝေဖန်နေကြမှုတွေအပေါ် ထူးအောင်က ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။ ထူးအောင်က သူနဲ့ပိုင်တံခွန်နှစ်ယောက်လုံးဟာ လိင်တူစိတ်ဝင်စားသူတွေ လုံး၀(လုံး၀) မဟုတ်ကြောင်းကို မီဒီယာကနေတစ်ဆင့် အာမခံပြောဆိုလိုက်တာဖြစ်ပါတယ်။

“ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီအနုပညာလောကမှာပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သိတဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်လုံးက ဆန့်ကျင်ဘက်လိင်တွေကိုပဲကြိုက်တာပါ။ လုံး၀စိတ်ချ၊ အေးဆေးပါ” ဆိုပြီး ပရိသတ်တွေဝိုင်းဝေဖန်နေကြသလိုမျိုး လုံး၀မဟုတ်ကြောင်းကို အခိုင်အမာပြောဆိုသွားပါတယ်။

ပိုင်တံခွန်နဲ့အတူ ယောကျာ်းလေးစုံတွဲအဖြစ် ရိုက်ကူးရတဲ့ ခံစားချက်နဲ့ပတ်သက်ပြီးလဲ ယခုလိုပြောပြသွားခဲ့ပါတယ်။ “Oppo နဲ့ POSH magazine အတွက် ထိုင်းဘက်မှာသွားရိုက်ပေးဖြစ်ခဲ့တာ။ အဲ့လိုပုံတွေကကျ အဲ့ဘက်က Team တစ်ခုလုံးက အဝတ်အစား၊ မိတ်ကပ်ကအစ အားလုံးကြိုတင်စီစဉ်ထားတာဆိုတော့ ကျွန်တော်တို့က ငြင်းဆန်လို့မရဘူး သူတို့အတိုင်းလိုက်လုပ်ပေးလိုက်ရတာ။ အရမ်းကိုစိတ်ကသိကအောက်ဖြစ်ခဲ့တယ်။

ပုံမှန် မိန်းကလေးတွေနဲ့အနီးကပ်ရိုက်ခဲ့တာတွေက ကိုယ့်အတွက်အဆင်ပြေပေမယ့် ယောကျာ်းအချင်းချင်းကြီးကျတော့ အဆင်မပြေဘူး။ တကယ့်ကို အဆင်မပြေတာ။ သူအနားကပ်လာရင်ကို စိတ်ထဲမှာက တစ်ခုခုဖြစ်နေတယ်။ မျက်နှာကပ်တဲ့ပုံတွေဆို တော်တော်ကို ရိုက်ရတာခက်တာ အနီးကပ်ရိုက်ရတာက တကယ်ကိုအဆင်မပြေတာ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ပရိသတ်ကြီးရေ… ထူးအောင်ကတော့ ပရိသတ်တွေရဲ့ဝေဖန်နေမှုတွေကို ပြတ်ပြတ်သားသားနဲ့ အခိုင်အမာကို ငြင်းဆိုလိုက်ပါပြီနော်။ သူနဲ့ပိုင်တံခွန်နှစ်ယောက်လုံးက ပရိသတ်တွေ ဝေဖန်နေကြသလိုမျိုး လုံး၀(လုံး၀) မဟုတ်တဲ့အတွက် ဆက်လက်ပြီး လွတ်လွတ်လပ်လပ် ဝန်းရံအားပေးလို့ရပါပြီနော်…

 

Source_MC

(ပိုပိုလေး)


17 Dec 2019     2,168 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment