၁ နှစ်သား ကလေး ဂျယ်လီ အတုံးဆို့ပြီး အဖြစ်ဆိုးနဲ့ သေဆုံးခဲ့ရ
29 Nov 2019 2,211 Views
မိဘတွေအနေနဲ့ ကလေးငယ်တွေကို အရမ်းအလိုမလိုက်သင့်ကြောင်း ဒီသတင်းလေးကနေ သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကအသက် ၁ နှစ်နဲ့ ၁ လ အရွယ် ကလေးလေးဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဂျယ်လီစားပြီးနောက် အစာပြွန်လမ်းကြောင်းထဲမှာ တစ်ဆို့နေ့ခဲ့ပါတယ်။
ဆေးရုံကို အရေးပေါ်ပို့ပေးခဲ့ပေးမယ့် ကလေးဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၆ မိနစ်အကြာမှ ကလေးကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကလေးဟာ အသက်ပြန်ရှင်ခဲ့ပေမယ့် ၂၆ မိနစ်လောက် ဦးနှောက်ထဲ သွေးစီးဆင်းမှုမရှိတဲ့အတွက် အသက်ရှင်နေသော်လည်း ကိုမာရသွားခဲ့ပါတယ်။
ဦးနှောက်ထဲက သွေးဆဲလ်လေးတွေဟာ ၄ မိနစ်ကနေ ၆ မိနစ်လောက်ထိ သွေးစီးဆင်းမှုမရှိပါက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက် ရပ်သွားပြီး တစ်ဖြည့်ဖြည်းနဲ့ နောက်ဆုံးမှာ ဆဲလ်တွေသေသွားမှာ ဖြစ်ပါတယ်။
ကလေးဟာ အတွင်းကလီစာပျက်ဆီးတာတွေ ဖြစ်လာပြီး ဟေမိုဂလိုဖင် သွေးနီဥထုတ်လုပ်မှုလည်း ကျဆင်းလာပြီး ဂလူးကို့စ်နည်းပါးလာတဲ့ လက္ခဏာတွေ ပြလာခဲ့ပါတယ်။ နောက်ထပ် ၂ ရက်မြောက်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ ကလေး သေဆုံးသွားခဲ့ပါတယ်။
အသက် ၆ လ ကနေ ၁ နှစ်ကြား ကလေးငယ် ရှိကြတဲ့ မိဘတွေအနေနဲ့ အောက်ဖော်ပြပါ အစားအစာတွေကို မကျွေးကြဖို့ စားရင်းလုပ်ပေးလိုက်ပါတယ်။
အသီးအရွက်များ
- ပြောင်းဖူးအစိမ်း
- ချယ်ရီ၊ ဘယ်ရီ နဲ့ စပျစ်သီး (အလုံးလိုက်)
- မာကျောတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
- သစ်သီးခြောက် (စပျစ်သီးခြောက်)
ပရိုတိန်း
- အစေ့အဆံနှင့် မြေပဲပါသောထောပတ် (အလုံးလိုက်၊ အပိုင်းအစ)
- မာကျောသော (သို့) ကြီးမားသော အသားအတုံး၊ အတစ်
- အသားညှပ်မုန့်၊ ဝက်/ကြက်အူချောင်း
- အရိုးပါသောငါး
- ဒိန်ခဲအတုံးလိုက်
ကောက်ပဲသီးနှံ
- ကွတ်ကီးစ်
- အားလူကြော်၊ ပြောင်းဖူးပေါက်ပေါက် နဲ့ သွားရည်စာများ
- မုန့်ကျွတ်၊ အစေ့အဆံပါ ပေါင်မုန့်
- ထမင်းနဲ့ ကောက်ပဲသီးနှံ့ အစေ့အဆံလိုက်
မုန့်အချို
- သကြားလုံး၊ ဂျယ်လီချောင်း၊ လိုလီပေါ့၊ ကပ်စေးသော သကြားလုံး
- ပီကေ
- ဂျယ်လီ
အစရှိသည်တို့ကို မကျွေးကြပါရန် မိဘများအား အသိပေးလိုက်ပါတယ်။