Project K အဖွဲ့ကို လေ့ကျင့်ပေးဖို့ တောင်ကိုရီးယားသမ္မတထံ တောင်းဆိုလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
28 Nov 2019 1,996 Views
မြန်မာကေ့ပေါ့ပ်တေးဂီတအဖွဲ့ Project K အဖွဲ့ကို တောင်ကိုးရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းထံမှာ တောင်းဆိုခဲ့တယ်လို့ http://www.arirang.com/ သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမ အကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိ စဉ် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက Project K အဖွဲ့ကို ပြုစုပျိုးထောင်ပေးခြင်းဟာ နှစ်နိုင်ငံကြား ယှဉ်ကျေးမှု ဆက်ဆံရေး ပိုမိုကောင်းမွန်တဲ့ သင်္ကေတဖြစ်လာစေမှာဖြစ်ပြီး ကူညီဆောင်ရွတ်ပေးဖို့ ကတိလည်း ပေးခဲ့ပါတယ်။
လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ကို အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ လက်ရှိမှာ The Beginning, K!ll Your Mom, Eat Your Dog အယ်ဘမ် (၃) ချပ်ကိုလည်း ထွက်ရှိထားပြီး ဖြစ်ပါတယ်။
Project K အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။