BEC-TERO TV

လေယာဉ်ပေါ်မှာ လူနာရဲ့ဆီးကို ပါးစပ်နဲ့ ကိုယ်တိုင်စုတ်ထုတ်ပေးခဲ့တဲ့ ဆရာဝန် (ရုပ်သံ)

26 Nov 2019     1,479 Views


ဒီလိုဆရာဝန်မျိုးက နိုဘယ်လ်ဆုဆောင် ပေးဖို့ကောင်းသွားပါပြီ။ လူနာတစ်ယောက်ရဲ့ ဆီးကို ပါးစပ်နဲ့ကိုယ်တိုင် စုတ်ထုတ်ပေးဖို့ဆိုတာ ဘယ်သူမှ စဉ်းစားဝံ့တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံက ဆရာဝန်ကြီးတစ်ယောက်ကတော့ အရေးပေါ်အခြေအနေမှာ ရဲရဲတင်းတင်းဆုံးဖြတ်ပြီး လူနာရဲ့ ဆီးလမ်းကြောင်း ဝေဒနာကို သက်သာစေခဲ့သလို လူတွေအများကြီးရဲ့ အချိန်တွေကိုလည်း မကုန်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က တရုတ်နိုင်ငံ ဂွမ်ကျိုးကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်ကို ပျံသန်းနေတဲ့ China Southern Airlines လေယာဉ်ပေါ်မှာ အသက် ၇၀ အရွယ် လူကြီးပိုင်း အမျိုးသားတစ်ဦး ပါလာခဲ့ပါတယ်။ လေယာဉ်ပျံသန်းနေစဉ် တစ်ချိန်မှာတော့ အမျိုးသားကြီးဟာ အိမ်သာထဲမှာ ဆီးသွားရင်း ဆီးမထွက်ပဲ အပြင်းအထန်နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် လေယာဉ်အမှူထမ်းတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြပါတယ်။ အမျိုးသားကြီးရဲ့ အခြေအနေကလည်း ဆိုးရွားလာတာကြောင့် လေယာဉ်ကို အရေးပေါ်အခြေအနေနဲ့ အလက်စကားမြို့ ဒါမှမဟုတ် ကနေဒါနိုင်ငံရဲ့ လေဆိပ်တစ်ခုမှာ ဆင်းသက်ဖို့ ချင်ချိန်နေခဲ့ကြပါတယ်။

ဒီအချိန်မှာ လေယာဉ်အမှူထမ်းတွေက ခရီးသည်တွေထဲမှာ ဆရာဝန်ပါလာရင် အကြောင်းကြားပေးပါလို့ ကြေညာခဲ့ပါတယ်။ ခရီးသည် အမျိုးသားနှစ်ဦးက သူတို့ဆရာဝန်ဖြစ်ကြောင်း ပြောလာတဲ့အတွက် အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တစ်ဦးက Dr.Xiao Zhanxiang (ဟန်နန် ဗဟိုဆေးရုံကြီး) နဲ့ ကျန်တစ်ဦးက Dr.Zhang Hong (ဂျီနန်တက္ကသိုလ်နဲ့ မိတ်ဆက်ဆေးရုံ) တို့မှ ဖြစ်ပါတယ်။

Dr.Xiao က လေယာဉ်ပေါ်မှာ ရနိုင်တဲ့ ပစ္စည်းလေးတွေကို သုံးပြီး ဆီးချူကရိယာတစ်ခု ဖန်တီးလိုက်ပါတယ်၊ ဒါပေမယ့် သုံးကြည့်တဲ့အခါ အလုပ်မဖြစ်တဲ့အတွက် သူ့ရဲ့ လက်နဲ့ ပါးစပ် တို့ကို သုံးပြီး ဝေဒနာခံစားနေရတဲ့ အမျိုးသားကြီးရဲ့ ဆီးတွေကို မရွံမရှာ စုတ်ထုတ်ပေးခဲ့ပါတယ်။

တစ်ခါ စုတ်ထုတ်ရင် သူ့ခံတွင်းတစ်ခုစာအပြည့်နဲ့ ဆီး ၈၀၀ မီလီကို ၃၇ မိနစ်ကြာ စုတ်ထုတ်ပေးခဲ့ပါတယ်။

လူနာကို ဆရာဝန်စိတ်ဓါတ်အပြည့်နဲ့ ဝေဒနာသက်သာအောင် ပြုလုပ်ပေးခဲ့တဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ချီးကျူးလေးစားကြောင်း ပြောဆိုသူတွေ ပြည့်နှက်နေခဲ့ပါတယ်။

ယင်းကိစ္စနဲ့ ပက်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ဂုဏ်မောက်ခြင်းမရှိ ရိုးသားစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။


26 Nov 2019     1,479 Views




RELATED

Most Popular of Special or Others

Most Popular of NEWS