BEC-TERO TV

အမှားများကြတဲ့ သင်္ချာပုစ္ဆာရဲ့ အဖြေမှန်က..?

26 Nov 2019     4,716 Views


ဒီပုစ္ဆာလေးကို မြင်လိုက်တာနဲ့ အားလုံးက လွယ်လွယ်လေးပါ၊ ကလေးတောင် တွက်တက်တယ်ဆိုပြီး တစ်မိနစ်အတွင်းမှာ အဖြေထုတ်နိုင်ကြပါတယ်။ ဒါပေမယ့် အဖြေအများစုက အမှားတွေသာဖြစ်ပါတယ်။
လူတိုင်းတွက်ကြတဲ့ ပုံစံက အလွယ်ဆုံးဖြစ်တဲ့ ဘယ်ဘက်ကနေ ညာဘက်ကို အစဉ်လိုက် ဖြေရှင်းသွားတာပဲဖြစ်ပါတယ်။

စမ်းတွက်ကြည့်ရအောင် :  3 + 3 x 3 – 3 + 3 = ?

ပထမအဆင့် 3 + 3 = 6 ။ အရမ်းလွယ်ပါတယ် အဲဒီနောက် 6 x 3 အဖြေက 18 ။

နောက်တစ်ခါ 18 – 3 ဆိုတော့ 15 ရပါတယ်၊ ဒါကို 3 နဲ့ ပြန်ပေါင်းတော့ အဖြေက 18 ရတဲ့အတွက် အဖြေမှန်က ( C ) ဆိုပြီး အားလုံးဝိုင်းပြီးဖြေကြတာ တွေရပါတယ်။

ကိုယ့်နည်းကိုယ်ဟန်နဲ့ အလွယ်တွက်လိုက်ကြတဲ့အတွက် အဖြေက ကိုယ့်အတွက်တော့ မှန်ကောင်းမှန်နေပေမယ့် တစ်ကယ်တမ်း သင်္ချာပုစ္ဆာတွက်ချက်နည်းအရတော့ အဖြေမှန်မဟုတ်သေးပါဘူး။

ငယ်ငယ်က သင်္ချာပုစ္ဆာတွက်ပုံတွက်နည်း နည်းဥပဒေသကို သင်ခဲ့ဖူးကြပေမယ့် မေ့သွားကြတာများပါတယ်။ သင်္ချာမှာ အစဉ်လိုက်တွက်နည်းအရ ပုစ္ဆာတစ်ပုဒ်ကို တွေ့တဲ့အခါ -

၁။ ကွင်း (...) ထဲကဟာကို အရင်ရှင်းရပါတယ် (Brackets)

၂။ ထပ်ကိန်းတွေ ရှင်းရပါတယ် (Orders)

၃။ အစားလက္ခဏာ “÷” (Division)

၄။ အမြှောက်လက္ခဏာ “x” (Multiplication)

၅။ ပေါင်းလက္ခဏာ “+” (Addition)

၆။ အနုတ်လက္ခဏာ “-“ (Subtraction)

တို့ကို အဆင့်လိုက်ဖြေရှင်းရတာဖြစ်ပါတယ်။ အတိုကောက်အနေနဲ့ (BODMAS) လို့ မှတ်ပါတယ်။

ဒီတစ်ခါတော့ သင်္ချာနည်းဥပဒေသတွေကို လိုက်နာပြီး တစ်ခေါက်လောက် ပြန်တွက်ကြည့်ကြရအောင်

3 + 3 x 3 – 3 + 3 = ?

ကွင်းတွေ ထပ်ကိန်းတွေ မပါတော့ ပထမဦးဆုံး အမြှောက်ကို အရင်ရှင်းပါမယ် 3 x 3 = 9 ဆိုတော့ ပုစ္ဆာက 3 + 9 – 3 + 3 = ? ဖြစ်သွားပါပြီ။ အပေါင်းကို ဆက်ရှင်းတဲ့အခါ 12 (- 3) + 3 ရပါတယ်။ ဆက်ရှင်းသားတဲ့အခါ 9 + 3 = 12 ဖြစ်သွားတဲ့အတွက် အဖြမှန်က “12” ( B ) ဖြစ်ပါတယ်။

အခုဆိုရင်တော့ ကျောင်းမှာတုန်းက သင်ခဲ့ဖူးတဲ့ သင်္ချာဆိုင်ရာ စည်းကမ်းဥပဒေသတွေကို ပြန်မှတ်မိသွားမယ်လို့ ယုံကြည်ပါတယ်။ အောက်က ပုစ္ဆာလေးတစ်ပုဒ်လောက် ထပ်တွက်ကြည့်ပါဦး။

3 + 3 x (3 – 3) ÷ 3 = ?


26 Nov 2019     4,716 Views




RELATED

Most Popular of Special or Others

Most Popular of NEWS