BEC-TERO TV

အက်စတာနဲ့အေးမြဖြူ Bottom ထိုင်ရခြင်းဟာ မြန်မာအိုင်ဒေါရဲ့လုပ်ကွက်လားဆိုတဲ့အပေါ် ကျော်ထက်အောင်ဖြေရှင်း

26 Nov 2019     1,623 Views


ရက်သတ္တပတ် လေးပတ်မြောက် Country Week ကို ကျင်းပပြီးစီးခဲ့ချိန်မှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားထဲ အတော်လေးဂယက်တွေထနေခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၈ ဦးထဲသာကျန်ရှိတော့တဲ့ လေးပတ်မြောက် Country week ရဲ့ result show ညကတော့ ကြည့်ရှုသူပရိသတ်အားလုံးကို မထင်မှတ်ထားတဲ့ အံ့ဩစရာတွေဆောင်ကျဉ်းပေးခဲ့တဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုညမှာတော့ အားလုံးက လုံး၀မထင်မှတ်ထားခဲ့ကြတဲ့ တန်ခွန်ကျော်က ပြိုင်ပွဲကနေ စောစီးစွာနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ အချိန်မတန်သေးပဲအိမ်ပြန်သွားခဲ့ရပေမယ့် အပြုံးမပျက်တဲ့ တန်ခွန်ကျော်အတွက် အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြသလို အားပေးစကားများလဲပြောကြားခဲ့ပါတယ်။ Result show ညမှာ Bottom 3 ထိုင်ခဲ့ရသူသုံးယောက်လုံးဟာ မြန်မာအိုင်ဒေါမှာ နာမည်ကြီးရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီး အက်စတာနဲ့ အေးမြဖြူကတော့ အားပေးသူပရိသတ်များပြားတာကြောင့် အပတ်စဉ်တိုင်းမှာ Voting အများဆုံးနဲ့ Safe ဖြစ်နေခဲ့သူတွေပါ။

ထိုသို့သောသူနှစ်ယောက်က Bottom 3 မှာ တစ်နေ့ထဲ တစ်ချိန်တည်းအတူတူထိုင်ခဲ့ရတာဟာ ပရိသတ်တွေအတွက်တော့ အတော်လေးအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကိုအားပေးနေကြတဲ့ Fan တွေကြားမှာသာမက ကြည့်ရှုနေကြတဲ့ပရိသတ်တွေကြားမှာပါ ဆူညံပွက်လောရိုက်ကာ ဂယက်တွေအမျိုးမျိုးထလာခဲ့ပါတယ်။ တစ်ချို့က သူတို့ထင်မြင်ရာ ယူဆချက်တွေနဲ့ အမျိုးမျိုးဝေဖန်ပြောဆိုခဲ့ကြပြီး တစ်ချို့က မြန်မာအိုင်ဒေါရဲ့ လုပ်ကွက်တွေလား၊ ကြိုတင်ဇာတ်ညွှန်းတွေလားဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

ထိုဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအိုင်ဒေါရဲ့ ပင်တိုင် Host ဖြစ်သူ ကျော်ထက်အောင်က ဖြေရှင်းချက်ထုတ်လိုက်ပါတယ်။အက်စတာနဲ့ အေးမြဖြူနှစ်ယောက် Bottom ထိုင်ရတာဟာ မြန်မာအိုင်ဒေါရဲ့ ဇာတ်ညွှန်းလားဆိုပြီး ဝေဖန်ပြောဆိုနေကြတဲ့အပေါ် “အိုင်ဒေါရဲ့ဇာတ်ညွှန်းလားဆိုတော့ ဇာတ်တစ်ခုလိုတော့ လုပ်ရေးထားလို့မရဘူးလေ။ တစ်ပတ်တစ်ပတ် Result ကဘယ်လိုထွက်မယ်ဆိုတာ မသိဘူး။ အဲ့ဒီ result တောင်မှ ကျွန်တော်တို့ စင်ပေါ်မတက်ခင် voting ပိတ်လိုက်တဲ့အချိန်မှ သိရတာဆိုတော့ ရှော့ခ်တောင်ဖြစ်တယ်” လို့ဆိုပါတယ်။

အကောင်းဆုံးသူ ၃ ယောက်က Bottom ထိုင်ခဲ့ရတဲ့အပေါ်ကိုလဲ “အရမ်းအားပေးခံနေရတဲ့လူတွေက ဒီလိုထိုင်လိုက်ရတယ်ဆိုတော့ ဘာကြောင့်လဲလို့ ကိုယ်လဲစဉ်းစားတယ်။ တစ်ခြားပြိုင်ပွဲဝင် အဆိုရှင်တွေကို အားပေးနှုန်းတွေပိုမြင့်လာတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်ချို့ကကျတော့လဲ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့ကတော့ ပုံမှန်ပါနေမှာပါ ဒီတစ်ပတ်တော့ မပေးတော့ပါဘူးဆိုတဲ့ဟာမျိုးတွေလဲ ရှိကောင်းရှိနိုင်တယ်။ ဒီသုံးယောက်ကတော့ အေးဆေးပါ၊ ကိုယ်မပေးလဲ သူများပေးမှာပဲဆိုပြီး ထားလိုက်မိတဲ့ Week ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ်” ဆိုပြီး ဝေဖန်သုံးသပ်ပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာအိုင်ဒေါကိုကြည့်ရှုနေကြတဲ့ ပရိသတ်တွေကိုလဲ “ပရိသတ်ကိုလည်း ကျွန်တော်အမြဲပြောတယ်။ ဘယ်ပေတံနဲ့ တိုင်းမှာလဲ တိုင်းနဲ့ပြည်နယ်ဆိုတဲ့ ပေတံနဲ့တိုင်းမယ့်အစား။ မှန်ပါတယ် ကိုယ့်တိုင်းဌာနေကလူကို ပိုရစေချင်တာ မှန်သော်ငြားလည်း နောက်ရာစုနှစ်တွေအထိ ကျွန်တော်တို့နားထောင်ချင်တဲ့ အဆိုတော်ဖြစ်ရမယ်။ ဒီသီချင်းကိုဖွင့်လိုက်တိုင်း ဒီအဆိုတော်စပြီးအောင်မြင်ခဲ့စဉ်က ကိုယ်ဘာဖြစ်ခဲ့တယ်ဆိုတာမျိုးကို ပြန်ခံစားရမယ်။ အဲ့လိုမျိုးဟာကိုပဲ ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်” ဆိုပြီး မီဒီယာတစ်ခုရဲ့ အင်တာဗျူးကနေ ဝေဖန်အကြံပေးသွားပါတယ်။

 

Source_MC

(ပိုပိုလေး)


26 Nov 2019     1,623 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment