ကမ္ဘာကျော် Vogue Magazine မှာ ထည့်သွင်းဖော်ပြခံလိုက်ရတဲ့ မြန်မာမော်ဒယ် သက်သက်သင်း
25 Nov 2019 1,990 Views
မြန်မာနိုင်ငံဖွား မော်ဒယ် Beauty (ခေါ်) သက်သက်သင်း ဟာဆိုရင် Asia Next Top Model ရဲ့ Cycle 6 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲဖြစ်ပါတယ်။ ထိုအချိန်ကတည်းက Beauty ဆိုတဲ့ နာမည်တစ်လုံးနဲ့အတူ ပရိတ်သတ် စပြီး သတိထားမိလာတာပဲဖြစ်ပါတယ်။
Beauty ဟာ Asia Next To Model မှာ ပါဝင်ယှဉ်ပြိုင်ပြီးနောက် ပဲရစ်မြို့က Model Agency တွေရဲ့ မျက်စိကျနှစ်သက်ခြင်းကို ခံခဲ့ရပြီး သူတို့နဲ့အတူလက်တွဲကာ အနောက်နိုင်ငံတွေမှာပဲ Runway model, Photo model တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။ Beauty ဟာ jem.models, premium_models, nextmodels, modelwerk,red_models, stormmodels အစရှိတဲ့ နာမည်ကြီး မော်ဒယ်အေဂျင်စီတွေနဲ့ အတူ လက်တွဲပြီး professional model တစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်လို့နေပါတယ်။
ဒီရက်ပိုင်းတင်တဲ့ Vogue မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ Beauty ရဲ့ ဓာတ်ပုံအချို့ ပါဝင်လာပါတယ်။ Beauty ကိုယ်တိုင် instagram ကနေ “So Happy to be part of this shoot for Maggie Marilyn” ဆိုတဲ့ caption နဲ့အတူ Vogue မှာပါလာတဲ့ သူမဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
Maggie Marilyn ဆိုတာကတော့ New Zealand က ထုတ်လုပ်တဲ့ Fashion Brand တစ်ခုဖြစ်ပြီး မြန်မာမော်ဒယ် Beauty(ခေါ်) သက်သက်သင်းက ဒီအတွက် ကြော်ငြာရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။
အခုလို အမေရိကန်နဲ့ ပဲရစ်လိုနေရာမျိုးတွေအထိ ခြေဆန့်သွားပြီး Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ မြန်မာမော်ဒယ် Beauty (ခေါ်) သက်သက်သင်း ရဲ့ အရည်အချင်းတွေကို မြင်ရတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်တကယ် ဂုဏ်ယူဝမ်းသာနေမိပါတယ်။ Beauty တစ်ယောက် ဒီထက်မကတဲ့ အောင်မြင်ခြင်းတွေပိုင်ဆိုင်နိုင်ပါစေလို့ ပိုပိုလေး မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Ref:Beauty_thet_thin
(ပိုပိုလေး)