လတ်တလော အကဗွီဒီယို အသစ်မှာ အရမ်းလန်းနေတဲ့ Blackpink’s Lisa
22 Nov 2019 1,669 Views

Blackpink အဖွဲ့မှ အငယ်ဆုံး အဖွဲ့ဝင် dancer တစ်ဦးဖြစ်တဲ့ ထိုင်းမလေး Lisa ဟာ သူမရဲ့ ကိုယ်ပိုင် YouTube Channel LILI’s FILM ကနေပြီး အကဗွီဒီယိုဖိုင် အသစ်တစ်ခုကို တင်ခဲ့ပါတယ်။
Blackpink မှာ Lisa ကို အကသမားတစ်ယောက်အနေနဲ့ လူသိများခဲ့တာဖြစ်ပါတယ်။ Lisa အကတော်တယ်ဆိုတာ သူမကို ချစ်တဲ့ ပရိတ်သတ်တွေ သိကြပါတယ်။ ဒါပေမဲ့ Lisa ကတော့ သင်ယူမှုတွေကို ရပ်တန့်မသွားခဲ့ပါဘူး။
အကကို ရူးသွပ်လွန်းတာကြောင့် Kpop idol တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရာက ပရိတ်သတ် အသိအမှတ်ပြုခံရတဲ့ idol အဆိုတော် တစ်ယောက် ဖြစ်လာတာပဲဖြစ်ပါတယ်။
Lisa ရဲ့ အကဗွီဒီယို တင်ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာ အပလီကေးရှင်း တစ်ခုဖြစ်တဲ့ twitter မှာ #LILIDANCE ဆိုတဲ့ hashtag နဲ့အတူ trend တစ်ခု ဖြစ်လို့လာပါပြီ။ Idol တစ်ယောက်အနေနဲ့ အောင်မြင်နေပြီဆိုပေမယ့် အမြဲလိုလို သင်ယူလေ့လာမှုတွေ ဆက်တိုက်ပြုလုပ်နေတတ်တဲ့ Lisa ကိုတော့ မလေးစားပဲ မနေနိုင်တော့ပါဘူး။
Ref:koreaboo
(ပိုပိုလေး)