BEC-TERO TV

နေမကောင်းဖြစ်မှာစိုးလို့ တစ်နေ့ကို ဆေးအလုံးရေ (၄၀) သောက်နေရတဲ့ အဆိုတော်ကောင်မလေး

20 Nov 2019     1,635 Views


တောင်ကိုးရီးယား မိန်းကလေး Kpop အဆိုတော်အဖွဲ့ Oh My Girl မှ အဖွဲ့ဝင် Seunghee ဟာ အဆိုတော်လုပ်နေတဲ့ သက်တမ်းတစ်လျှောက် နေမကောင်းဖြစ်မှာစိုးတဲ့အတွက် တစ်နေ့ကိုဆေး အလုံးရေ အတွက် (၄၀) တိတိ သောက်နေရတဲ့ အကြောင်း FashionN အစီအစဉ်မှာ ပြောပြလာပါတယ်။

Seunghee ဟာ Oh My Girl အဖွဲ့နဲ့အတူ အနောက်နိုင်ငံတွေကို သွားရောက်ရမယ့် schedule တွေ များလာတာကြောင့် အနားမရဘဲရှိနေတယ်လို့ဆိုပါတယ်။ ခရီးသွားရင် သူမအိတ်ထဲ မပါမဖြစ်က vitamin အားဆေးတွေပါ။ Seunghee က အလုပ်အရမ်းရှုပ်နေတဲ့ ကာလတွေမှာ နေမကောင်းမဖြစ်ချင်တာကြောင့် အားရှိအောင် Vitamin တွေကို အမြဲဆောင်ထားလေ့ရှိတယ် ဆိုတဲ့အကြောင်း ပြောပြလာပါတယ်။ “ကျွန်မ တစ်ရက်ကို ဆေး vitamins အလုံးရေ (၄၀) တောင် သောက်တယ်။” လို့ပြောသွားပြီး ဒီနောက်ပိုင်း အာဟာရရှိတဲ့ အစားအစာတွေ များများစားဖြစ်တယ်လို့ ဆိုပါတယ်။

Seunghee ဟာ Oh My Girl အဖွဲ့ စတိတ်စင်ပေါ် ဖျော်ဖြေနေတဲ့ ဗွီဒီယိုကိုကြည့်ပြီးမျက်ရည်ဝဲနေခဲ့ပါတယ်။ “ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသက် ၁၂ နှစ်အရွယ်ကတည်းက သီချင်းစဆိုခဲ့တယ်။ အခုလို အောင်မြင်လာဖို့ ၈ နှစ်၊ ၉နှစ်လောက် တည်ဆောင်ခဲ့၇တာ စင်ပေါ်မှာ ရပ်နေတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအရမ်းတင်တယ် အကောင်းဆုံးကြိုးစားသွားပြီး အားပေးနေတဲ့ ပရိတ်သတ်ကို ကျေးဇူးဆပ်သွားမှာပါလို့ပဲပြောပါရစေ” ဆိုပြီး ပြောပြသွားပါတယ်။

ဘဝကို အခိုင်အမာတည်ဆောက်ပြီးမှ နေရာတစ်ခုရရှိနေတဲ့ အခြေအနေမျိုးမှာ ဘယ်သူမှ ထပ်ပြီး ပြိုလဲချင်မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုခု လွဲချော်သွားမှာ စိုးရိမ်နေတဲ့ Seunghee အနေနဲ့ ကျန်းမာရေးလည်း ထိခိုက်မှုမရှိအောင်  တစ်နေ့ကို ဆေးအလုံး (၄၀) သောက်သောက်နေတာပဲဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 

 

 

 

 


20 Nov 2019     1,635 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS