ရှေးခေတ်ရုပ်ရှင်ပန်းချီကားတွေရှိတဲ့ ‘ရုပ်ရှင်လမ်းကြား ဥယျာဉ်’ ကိုသွားရောက်လည်ပတ်ခဲ့တဲ့ ဦးမိုးဒီပုံရိပ်များ
19 Nov 2019 1,809 Views
ကျွန်တော်တို့တတွေရဲ့ ငယ်ဘဝကို ရယ်စရာ၊ မောစရာ ဟာသတွေနဲ့ ပြည့်နှက်စေခဲ့တဲ့ လူတွေကို ပြပါဆိုလျှင် လူရွှင်တော်၊ ဟာသ သရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီနဲ့ အကယ်ဒမီ ဦးမော့စ်တို့ကို ပြရမှာပါပဲ။ တစ်ခေတ်တခါက ရေဒီယိုက ကြော်ငြာတွေ၊ တော့ပ်ယူနန် လိမ်းဆေး ကြော်ငြာတာတွေမှာ ပါဝင်ခဲ့ပြီး သူတို့နှစ်ယောက် အတွဲညီခဲ့ကြပါတယ်။ မိုးဒီ နဲ့ မော့စ်ဆိုရင် ကလေးကအစ ခွေးအဆုံး မသိသူမရှိခဲ့သလောက်ပါပဲ။ သူတို့နှစ်ဦး တီထွင်ဖန်တီးခဲ့တဲ့ ‘ရဲဘော် ဆက်လုပ်’ ဆိုတဲ့ ပြက်လုံးဟာဆိုရင်အကြိုက်တွေ့သူ ပရိတ်သတ်များပြားတာကြောင့် ပြင်ပက လူတွေကြားမှာတောင် စနောက်စရာ စကားတစ်ခွန်းအဖြစ် ကျန်ရှိနေခဲ့တာပါပဲ။
ရုပ်ရှင် ဟာသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ဗိုလ်ချုပ်လမ်း၊ ဝဇီရာရုပ်ရှင်ရုံအနီးမှာ ဖွင့်လှစ်ခဲ့တဲ့ ‘ရုပ်ရှင်လမ်းကြား ဥယျာဉ်’ ကို တစ်ခေတ်တစ်ခါက အမှတ်တရတွေ ကြည့်ရှုဖို့အတွက် သွားရောက် လည်ပတ်ခဲ့ပါတယ်။
တစ်ချိန်က တွဲဖက်ကြီး ကိုမော့စ်ရဲ့ ပုံတူ ပန်းချီကားကို လွမ်းဆွတ်တမ်းတ သတိရနေတဲ့ ပုံစံမျိုးနဲ့ ကြည့်ရှုနေတဲ့ ဦးမိုးဒီရဲ့ ပုံရိပ်တွေဟာဆိုရင် မြင်ရသူ အပေါင်းကို အလွမ်းဓာတ်လေးခံစားသွားစေရတာ အမှန်ပါပဲ။ မိုးဒီနဲ့ မော့စ် ဆိုတာဟာ ကျွန်တော်တို့ ငယ်ဘဝတွေကို ရယ်စရာမောစရာတွေနဲ့ ပြည့်နှက်စေခဲ့တယ်ဆိုလည်း မမှားပါဘူး။ သူတို့နှစ်ဦးကို အခုလို ပြန်လည်မြင်တွေ့လိုက်ရတာဟာ ငယ်ဘဝရဲ့ လွမ်းဆွတ် တမ်းတဖွယ်ရာ အမှတ်တရ လေးတွေကိုတောင် ပြန်ပြီး စဉ်းစားသွားမိစေပါတယ်။
ဒါ့အပြင် ဦးမိုးဒီဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ကင်းကောင်၊ အကယ်ဒမီ မင်းသားကြီး ဒွေးတို့ရဲ့ ဓာတ်ပုံတွေကိုလည်း အလွမ်းပြေ သွားရောက် ကြည့်ရှုခဲ့ပါသေးတယ်။
တခြားသော ရှေးခေတ် ရုပ်ရှင် မင်းသား၊ မင်းသမီးကြီးတွေရဲ့ ပန်းချီကားတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
ဘယ်သော အခါမှ ပြန်မရနိုင်တော့တဲ့ ရုပ်ရှင်အမှတ်တရတွေနဲ့အတူ ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတဲ့ အကယ်ဒမီ မင်းသားကြီး ဦးမိုးဒီ၊ သူငယ်ချင်း မော့စ်ကို လွမ်းဆွတ်နေတဲ့ ဦးမိုးဒီ တစ်ယောက် နေ့စဉ် နဲ့အမျှ တည်ငြိမ်အေးချမ်းတဲ့ ဘဝကိုပိုင်ဆိုင်ရပြီး သား၊သမီး၊ မြေး၊မြစ်တွေ သေတပန် သက်တစ်ဆုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားရပါစေလို့ ပိုပိုလေးမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
Ref:Cele Gabar
(ပိုပိုလေး)