BEC-TERO TV

လေသင်္ဘောကြီးပေါက်ကွဲမှုမှ အသက်ရှင်ကျန်ခဲ့သော နောက်ဆုံးလူ ကွယ်လွန် (ရုပ်သံ)

18 Nov 2019     1,862 Views


၁၉၃၇ ခုနှစ်က အမေရိကန်နိုင်ငံ နယူဂျာစီပြည်နယ်တွင် ထိတ်လန့်ခြောက်ခြားစရာ ကောင်းလောက်အောင်  လေပေါ်မှာ မီးလောင်ပေါက်ကွဲခဲ့သော ခရီးသည်တင် လေသင်္ဘောကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် အမျိုးသားကြီးတစ်ဦး နောက်ဆုံးလူအဖြစ် အသက် ၉၀ အရွယ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။

Werner Gustav Doehner ဆိုသူအမျိုးသားကြီးမှာ သူ့အသက် ၈ နှစ်အရွယ်၊ လွန်ခဲ့သော ၈၂ နှစ်၊ ၁၉၃၇ ခုနှစ်က ‘ဟင်ဒင်ဘာ့ခ်’ လေသင်္ဘောကြီးတွင် မိသားစုနဲ့အတူ စီးနင်းလိုက်ပါလာရင်း မတော်တဆပေါက်ကွဲမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ရစ်သူ ၆၂ ဦးရှိပြီး သူလည်းတစ်ဦးအပါအဝင်ဖြစ်သည်။

၁၉၃၇ ခုနှစ် မေလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေသင်္ဘောပေါက်ကွဲမှုမှာ သူ၏ မိဘနှစ်ပါးနဲ့ အစ်မတို့အပြင် အခြား ၃၄ ဦးတို့ သေဆုံးခဲ့ကြရသည်။

သူတို့မိသားစု ဂျာမဏီနိုင်ငံကို အပမ်းဖြေခရီးထွက်ပြီး အရှည် ၈၀၄ ပေရှိတဲ့ ဂျာမန်ခရီးသည်တင် ‘ဟင်ဒင်ဘာ့ခ်’ လေသင်္ဘောကြီးနဲ့ ပြန်လာကြစဉ် နယူဂျာစီ၌ ဆိုက်ကပ်ရန်ပြင်ဆင်စဉ် လေသင်္ဘောထဲမှာ အသုံးပြုထားသော ဟိုက်ဒရိုဂျင် ယိုစိမ့်မှုဖြစ်ပြီး မတော်တဆပေါက်ကွဲမှုဖြစ်ကာ လေထဲမှာတင် မီးလောင်ပျက်ကျခဲ့ရသည်။

Doehner ဟာ ဂျာမဏီနိုင်ငံ Darmstadt မှာ မွေးဖွားခဲ့ပြီး မက္ကစီကိုမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွေ့နေထိုင်ပြီး လျှပ်စစ်အင်ဂျင်နီယာအဖြစ် အသက်မွေးခဲ့ပါတယ်။ သူဟာ အီကွေဒေါ နဲ့ မက္ကစီကို တိုမှာလည်း အလုပ်လုပ်ခဲ့ဖူးပြီး မန်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ New England Electric System မှာ နောက်ဆုံးလုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်က အငြိမ်းစားယူခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ သူ့ရဲ့ဇနီး Elin (၅၂ နှစ်) နဲ့အတူ ကော်လိုရာဒိုကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မေလမှာ လာကိုးနီးယား ကို ထပ်မံပြောင်းရွေ့ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက် Doehner အသက် ၉၀ မှာ လာကိုးနီးယားပြည်နယ် New Hampshire ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ‘ဟင်ဒင်ဘာ့ခ်’ လေသင်္ဘောကြီးမှ အသက်ရှင်လွတ်မြောက်ခဲ့သူတွေထဲမှာ နောက်ဆုံးမှ ကွယ်လွန်ခဲ့သူလည်း ဖြစ်ပါတယ်။


18 Nov 2019     1,862 Views




RELATED

Most Popular of Special or Others

Most Popular of NEWS