‘ အမှတ်တရ တက္ကသိုလ်သီချင်းများ ’ Week မှာ အမှတ်အကုန်ယူသွားတဲ့ Esther
15 Nov 2019 1,737 Views

မနေ့ညက မြန်မာအိုင်ဒေါ Season 4 ရဲ့ ကျန်ရှိနေတဲ့ Top Finalist (၁၀) ယောက်ရဲ့ သီဆိုယှဉ်ပြိုင်မှုတွေကို မြင်တွေခဲ့ရပြီး ဖြစ်ပါတယ်။ မနေ့ညက ယှဉ်ပြိုင်မှုမှာတော့ ‘အမှတ်တရ တက္ကသိုလ်သီချင်းများ ’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြိုင်ပွဲဝင်တွေ အသီးသီးယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် (၁၀) ယောက်စလုံးအကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပြီး ထို့အထဲမှာ ပြိုင်ပွဲဝင် Esther ရဲ့ သီဆိုယှဉ်ပြိုင်မှုဟာ ဒိုင်တွေနဲ့ ပရိတ်သတ်တွေပါ တက္ကသိုလ်ပုံရိပ်များဆီကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ Esther ရဲ့သီချင်းသီဆိုမှုအောက်မှာ ဒိုင်တွေအားလုံး မတ်တပ်ထရပ်ကာ ကြက်သေသေသွားသလို ဖြစ်ခဲ့ရပြီး ဒိုင်ဖြစ်သူ မဖြူက သူ့ကို မျက်ရည်ကျအောင်ထိ လုပ်နိုင်တဲ့ Esther ကို စင်ပေါ်ထိတက်ကာ ဖက်တွယ် ချီးကျူးပြောဆိုခဲ့ပါတယ်။
Esther က နာမည်ကျော် အဆိုတော် မဒီရဲ့ ‘ အချစ်ဖြင့် လွမ်းစေ’ ဆိုတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သီဆိုမှုအပေါ်ကို ဒိုင်ဖြစ်သူ မဖြူရဲ့ သုံးသပ်ချက်က ‘အရမ်းကောင်းတယ်..။ အရမ်းကြိုက်တယ်..။ You almost make me cry .! I have nothing to say anymore..! ’ လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပါတ်တွေတုန်းကတော့ Top Finalist (၁၁) မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။ Rock Week မှာတုန်းက ပြိုင်ပွဲဝင် နော်စေးစေးထူးဟာ Vote အနည်းဆုံး အိမ်ပြန်ရမှာဖြစ်ပေမယ့် ဒိုင်တွေက ပြန်လည် Safe ခဲ့ပါတယ်။
ယနေ့ညမှတော့ ပြိုင်ပွဲဝင်တွေရဲ Voting Result ကိုတော့ သိရမှာဖြစ်ပြီး ၂ ယောက် အိမ်ပြန်ရမှာဖြစ်ပါတယ်။ ဘယ်သူတွေက Bottom 3 မှာထိုင်ရမလဲ..၊ ဘယ်သူတွေက အိမ်ကိုပြန်သွားရမလဲ..၊ ဘယ်သူတွေက နောက်တစ်ဆင့်ကို တက်ရောက်သွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
မဒီ ရဲ့ ‘အချစ်ဖြင့် လွမ်းစေ ’