BEC-TERO TV

MTV ဆန်ဆန် လမ်းပေါ်မှာ ပြဿနာတက်နေကြတဲ့စုံတွဲ ကားတိုက်ခံရ (ရုပ်သံ)

13 Nov 2019     1,622 Views


ကားမလမ်းမအလယ်ကောင်မှာ ချစ်သူတွေ ရန်ဖြစ်စကားများကြတဲ့ ရိုမန်းတစ်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းမျိုးက MTV တွေ အချစ်ဇာတ်လမ်း ရုပ်ရှင်တွေမှာပဲ ကြည့်ရတာ ‘ဟာ.. မိုက်တယ်ကွာ’ လို့ ခံစားရမှာပါ။ အပြင်လက်တွေ့ဘဝမှာတော့ မိနစ်ပိုင်းအတွင်း တမလွန်ရောက်သွားနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွေထဲက မင်းသားမသမီးတွေကို မသိစိတ်က အတုခိုးမိပြီး ကားလမ်းမအလယ်ကောင်မှာ ရန်ဖြစ်စကားများခဲ့ကြတဲ့ စုံတွဲတစ်တွဲကို ကားတစ်စီးက အရှိန်နဲ့ ဖြတ်တိုက်သွားခဲ့မှုတစ်ခု မကြာသေးမီကမှ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ဂွမ်ကျိုးစီရင်စုမှာရှိတဲ့ ကားအသွားအလာများနဲ့ လမ်းမကြီး အလယ်ကောင်မှာ သမီးရည်းစားနှစ်ဦး ကတောက်ကဆ စကားများခဲ့ကြတာဖြစ်ပါတယ်။ ရုပ်သံအရ ကောင်လေးက MTV တွေထဲကလို ကားလမ်းမအလယ် မျဉ်းပေါ်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကားအတိုက်ခံမယ့် အိုက်တင်မျိုးလုပ်နေချိန်မှာ ကောင်မလေးကလည်း ကားလမ်းမပေါ်မှာ ဒူးထောက်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့နောက်ဘက်ကနေ အရှိန်ပြင်းပြင်နဲ့ မောင်းလာတဲ့ ဆလွန်းကား အနက်ရောင်က ကောင်မလေးကို တည့်တည့်ဝင်တိုက်ပြီး ကောင်လေးကတော့ တစ်စိတ်တစ်ပိုင်းတိုက်ခံရကာ လမ်းမပေါ် လွင့်ကျသွားပါတယ်။

ယာဉ်တိုက်မှုကြောင့် ကောင်မလေး သေဆုံးသွားခဲ့ပါတယ်။ ကောင်​လေးကတော့ ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး လမ်းလယ်ကောင်မှာ ဒီလိုပုံစံမျိုး ပြုမှုခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသလို ယာဉ်မောင်းသမားကိုလည်း အရှိန်တင်ပြီး ပစ်စလပ်ခတ်မောင်းနှင်ခဲ့မှုအတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ အဆိုပါ စီစီတီဗီရုပ်သံကို ဂွမ်ကျိုးရဲဌါနက လူအများသင်ခန်းစာယူနိုင်အောင် ချပြခဲ့ပါတယ်။


13 Nov 2019     1,622 Views




RELATED

Most Popular of Special or Others

Most Popular of NEWS