Rock ညတစ်ညကို ပြည့်စုံစေခဲ့တဲ့ Rocker မလေး ထက်အဥ္ဇလီရဲ့ သီဆိုယှဉ်ပြိုင်မှု
08 Nov 2019 1,889 Views

မနေ့ညက မြန်မာအိုင်ဒေါ Season 4 ရဲ့ ကျန်ရှိနေတဲ့ Top Finalist (၁၀) ယောက်ရဲ့ သီဆိုယှဉ်ပြိုင်မှုတွေကို မြင်တွေခဲ့ရပြီး ဖြစ်ပါတယ်။ မနေ့ညက ယှဉ်ပြိုင်မှုမှာတော့ Rock Songs ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြိုင်ပွဲဝင်တွေ အသီးသီးယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် (၁၀) ယောက်စလုံးအကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပြီး ထို့အထဲ့မှာ Rock ညတစ်ညကို ပြည့်စုံစေခဲ့တဲ့ ပြိုင်ပွဲဝင် ထက်အဥ္ဇလီရဲ့ သီဆိုမှုဟာ ပရိတ်သတ်တွေနဲ့ ဒိုင်တွေကို မြူးမြူးကြွကြွ ဖြစ်စေခဲ့ပါတယ်။
ထက်အဥ္ဇလီဟာ တချိန်က နာမည်ကျော် အဆိုတော် မဆုန်သင်းပါ ရဲ့ ‘ရပါတယ်’ဆိုတဲ့ သီချင်းနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Rock သီချင်းပီပီ စထွက်ကတည်းက အသံပါဝါကောင်းကောင်းနဲ့ သီဆိုခဲ့တဲ့ ထက်အဥ္ဇလီရဲ့ မြူးမြူးကြွကြွ သီဆိုမှုဟာ ဒိုင်တွေ နဲ့ ကြည့်နေသူတွေပါ ပျော်ရွင်စေခဲ့ပါတယ်။ Performance အပိုင်းမှာလည်း Reality Show ကြည့်နေတယ်ထင်လောက်အောင် အမိုက်စား ဖျော်ဖြေနိုင်ခဲ့တာဖြစ်ပါတယ်။
ထက်အဥလီကို ကြည့်ပြီ ပါးစပ်မပိတ်နိုင်အောင် အံအားသင့်ဖြစ်နခဲ့ရတဲ့ ဒိုင်ဖြစ်သူ မဖြူ (ဖြူဖြူကျော်သိန်းက) “ ‘You Rock the Night Girl’ ဆိုပြီး ချီးကျူးခဲ့ပါတယ်။နောက် ညီမလေးဟာ Performance အပိုင်းမှာလည်း ဂုဏ်ထူးထွက်တယ် ၊ စွန့်စားမှုအပိုင်းမှာလည်း Performance ဂုဏ်ထူးထွက်တယ်။ အကောင်းဆုံး သီဆိုသွားနိုင်တယ်အတွက် ညီမလေး အောင်ပါတယ် ’ လို့ ချီးကျူး ခဲ့ပါတယ်။
ဒိုင်တွေဖြစ်ကြတဲ့ ဆရာ အောင်ကိုလတ်ကတော့ ညီမလေးကတော့ ပြောစရာမရှိအာင် ကောင်းလွန်းပါတယ်။ မတင်ဇာမော်ကလည်း ဒီညရဲ့ Performance ကတော့ ပြောစရာမလိုလောက်အောင် ပြည့်စုံလွန်းပါတယ် ချီးကျူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပါတ်တုန်းကတော့ Top Finalist (၁၁) မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။ ယနေ့ညမှတော့ ပြိုင်ပွဲဝင်တွေရဲ Voting Result ကိုတော့ သိရမှာဖြစ်ပြီး ဘယ်သူတွေက Bottom 3 မှာထိုင်ရမလဲ..၊ ဘယ်သူတွေက အိမ်ကိုပြန်သွားရမလဲ..၊ ဘယ်သူတွေက နောက်တစ်ဆင့်ကို တက်ရောက်သွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ဆုန်သင်းပါ ရဲ့ ‘ရပါတယ် ’