BEC-TERO TV

အားငယ်နေတဲ့အချိန်မှာ မဖြူရဲ့စကားတွေက ခွန်အားဖြစ်စေခဲ့တယ်လို့ ပြောလာတဲ့ဖွေးဖွေး

06 Nov 2019     1,644 Views


မြန်မာနိုင်ငံ ထိပ်တန်းသရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင်ဖွေးဖွေးဟာ ပြီးခဲ့တဲ့ ရက်က “ရောသမမွေ” ရုပ်ရှင် မိတ်ဆက်ပွဲအခမ်းအနားပွဲကြီးကိုတက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမေးခွန်းအချို့ကို ဖြေကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့တုန်းက ဖွေးတစ်ယောက် facebook မှာ တင်ခဲ့တဲ့ status လေးတစ်ကြောင်းနဲ့ ပတ်သတ်ပြီး အင်တာဗျူးသူ အချို့မေးမြန်းခဲ့ကြပါတယ်။

အဆိုပါ status လေးကို ခံစားချက်ပြင်းပြင်းသီချင်းတွေကို ပရိတ်သတ်ရင်ထဲရောက်အောင် သီဆိုတတ်ပြီး လက်ရှိ မှာ Myanmar Idol ရဲ့ ဒိုင်လူကြီး တစ်ယောက်အဖြစ် ပါဝင်နေတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက share သွားခဲ့ပါတယ်။ ဖြူဖြူဟာလည်း အနုပညာရှင်တစ်ဦးဖြစ်နေတဲ့အလျောက် ဖွေးခံစားနေရတာတွေကို သူမကိုယ်တိုင်တွေ့ကြုံခံစားခဲ့ဖူးတာကြောင့် နားလည်တယ်ဆိုတဲ့ အကြောင်းလေး ပြောပြလာပါတယ်။

 Myanmar Celebrity အင်တာဗျူးကနေတစ်ဆင့် ကြားသိလိုက်ရတဲ့ ဖြူဖြူကျော်သိန်းရဲ့  အားပေးစကားလေးတစ်ခွန်းက သူမကို ခွန်အားဖြစ်စေခဲ့တဲ့အကြောင်း ဖွေးဖွေးက အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

“ဖွေးက တော်ရုံ moody ဖြစ်တဲ့ဟာ feel တဲ့ဟာဆိုရင် အခါတစ်ရာလောက်နေမှ တစ်ခါလောက်ပဲ ပရိတ်သတ်ကို ပေးသိတာများတယ် အဲ့တုန်းက တကယ်ကို ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ငါလုပ်နေတာက မှန်တာလား မှားတာလား ငါဘာဆက်လုပ်မရလဲ တချို့တွေကျတော့ အဲ့လို အသိအမှတ်မပြုကြဘူး ကိုယ့်ကို ချစ်တဲ့သူတွေိကို အာရုံစိုက်နေရင်းနဲ့ကို တိုက်ခိုက်ခံရတာတွေ များလာတဲ့အခါ ဖွေး စိတ် နည်းနည်းလေး ယိုင်သွားတာပေါ့နော် အဲ့လိုအချိန်မှာ မဖြူလို အရမ်းတန်ဖိုးရှိတဲ့ အနုပညာရှင်က ကိုယ့်ကို ပြန်ပြီး အားပေးလိုက်တဲ့အခါမှာ လုံးဝလုံးဝ ပြန်ထောင်သွားတာ အဲ့လို ” ဆိုပြီးပြောပြသွားပါတယ်။

ဖွေးက သူမကို နှစ်ပေါင်းများစွာ haters တွေ တိုက်ခိုက်လာတာနဲ့ ပတ်သတ်ပြီး “haters တွေဘာတွေဆိုတာက နှစ်တွေများလာတော့လည်း တိုက်ခိုက်ခံရတာများလာတော့ နည်းနည်းလေးတော့ ဟက်ထိတာပေါ့ အခုတော့ ပြန်အေးဆေးဖြစ်သွားပါပြီ စိတ်ထားတတ်သွားပါပြီ” ဆိုပြီး ပြောပြသွားပါတယ်။

တစ်ဖန် ဖွေးက ဖြူဖြူပြောတဲ့ အားပေးစကားတွေထဲ ဖွေးကို ဟက်ထိစေခဲ့တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြလာပါတယ်။

“ဖွေး ကြိုးစားတာကို လူတွေက မေ့တတ်တယ်လေတဲ့ မေ့တတ်တော့ လူတွေကို ကိုယ်က သတိပြန်ပေးရတယ် အစ်မက အဲ့လိုမျိုးပြောလိုက်တော့ အဲ့နေရာမှာ မျက်ရည်ဝဲသွားတယ်” ဆိုပြီး ပြောပြသွားပါတယ်။

တစ်ဖန် ဖွေးက ပရိတ်သတ်ကြီးအတွက် သူအမြဲကြိုးစားနေတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ “ဖွေး မရပ်မနားကြိုးစားလာတာ ၁၃ နှစ်တိတိရှိခဲ့ပါပြီ ဖွေးမှာ ဖြစ်လာတဲ့ အကောင်းတွေရော အဆိုးတွေရော လက်ခံလာပြီး ဘေးနားမှာ ကြံ့ကြံ့ခံ အားပေးလာကြတဲ့ ပရိတ်သတ်တွေက ဖွေးအတွက် အရမ်းအရေးကြီးပါတယ် ဆက်လက်ပြီး ကြိုးစားသွားဦးမှာပါ” လို့ ဖွေးက ပြောသွားခဲ့ပါတယ်။

Ref:Celeyatkwat

(ပိုပိုလေး)

 


 

 

 


06 Nov 2019     1,644 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS