တမလွန်က လူရွှင်တော်ကြီး ‘ရှဲဒိုး’ ကိုသတိရကြောင်း စာတစ်စောင်နဲ့ ရေးသားဖော်ပြလိုက်တဲ့ ရွှေညီကို အဖွဲ့သားဟောင်း လူရွှင်တော် ကောင်းကျော်
06 Nov 2019 1,728 Views
တစ်ခေတ်တစ်ခါတုန်းက လူကြိုက်များခဲ့တဲ့ ‘ရွှေညီကို တို့အဖွဲ့’ အငြိမ့်က အဖွဲ့ဝင်(၅) ဦးကို ပရိတ်သတ်ကြီးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ရှဲဒိုး၊ ကောင်းကျော်၊ ထက်ထက် ဆိုတဲ့ လူပျက် (၅) ဦးနဲ့ ဖွဲ့စည်းထားတဲ့ ‘ရွှေညီကို’ တို့အဖွဲ့ ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေကို ရယ်စရာမောစရာတွေနဲ့ ပြည့်ဝစေခဲ့ပါတယ်။
ရွှေညီကို အဖွဲ့ဝင် (၅) ယောက်ထဲက လူရွှင်တော် ရှဲဒိုးဟာ မိသားစု၊အဖွဲ့ဝင်တွေနဲ့ ပရိတ်သတ်တွေကို ထားပြီး လောကကြီးထဲကနေ စောစီးစွာ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ ဦးစွာ နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ လူရွှင်တော် ရှဲဒိုးကို ရွှေညီကို အဖွဲ့သားတွေက တမ်းတ သတိရမိတဲ့အကြောင်း ၊ လူရွှင်တော်ကြီး ဦးရှဲဒိုးရဲ့ တစ်ဦးတည်းသော သားလေး ကောင်းဇင်ဟိန်းရဲ့ စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို ရွှေညီကို အဖွဲ့သားတွေက ကူညီခဲ့တယ်ဆိုတဲ့အကြောင်း စာတစ်စောင်ရေးသားပြီး ပြောပြလာပါတယ်။
“သို့
တမလွန်က သူငယ်ချင်း ရှဲဒိုး
ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေး
ကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ မင်းကိုယ်စား မင်းသားလေးမျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း
တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တစ်ရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ မင်းရဲ့ကိုယ်စား မင်းရဲ့ သားငါတို့ရဲ့ သား ကောင်းဇင်းဟိန်းအတွက်ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတယ်နော်သူငယ်ချင်း
ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့
မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့်
ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့
ပါမျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ်
သူငယ်ချင်းရယ်
10-11-2019 နေ့မှာ မင်းရဲ့သား
မင်္ဂလာဆောင်မှာနော် သူငယ်ချင်း
အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့
ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ မင်းကို ကြိုပြီးတောင်းပန်ပါတယ်
သူငယ်ချင်းရယ်
အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို
မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း
ရွှေညီကို အဖွဲ့ရဲ့ ရွှေညီအမတွေပါ
ပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်း
တမလွန်က အချစ်ဆုံး သူငယ်ချင်း
ရှဲဒို (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်း ရေ
ကောင်းကျော်
(ရွှေညီကို)အဖွဲ့သားဟောင်း
3-11-2019 ”
တစ်ချိန်က ရွှေညီကို အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ လူရွှင်တော်ကြီး ဦးရှဲဒိုးရဲ့ တစ်ဦးတည်းသောသားလေး ကောင်းဇင်ဟိန်းရဲ့ စေ့စပ်ကြောင်းလမ်း မိန်းမတောင်းရမ်းပွဲကို ရွှေညီကို အဖွဲ့ဝင်တွေ လိုက်လံ တောင်းရမ်းပေးခဲ့ပေမယ့် မင်္ဂလာပွဲကိုတော့ အလုပ်ကိစ္စ အကြောင်းကြောင်းကြောင့် မလာရောက်ပေးနိုင်တော့တဲ့အတွက် ဦးကောင်းကျော်က စိတ်မကောင်း ဝမ်းနည်းမိကြောင်း ရေးသား ဖော်ပြထားတာကိုတွေ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ မရှိတော့ပေမယ့် သူငယ်ချင်းရဲ့ သားလေးအတွက် ကိုယ်တိုင် အဖေနေရာကနေ ကြီးမှူးဆောင်ရွက်ပေးကြတဲ့ ရွှေညီကို အဖွဲ့သားတွေရဲ့ သူငယ်ချင်းအပေါ်ထားရှိတဲ့ စိတ်ဓာတ်လေးကတော့ လေးစားဖွယ်အတိပါပဲ။
REF: U Kaung Kyaw
(ပိုပိုလေး)