BEC-TERO TV

Sinon ရဲ့ဖိနပ်ကြီးစီးပြီး ကိုးရို့ကားယားတွေဖြစ်ခဲ့ရတဲ့ ဖြူဖြူထွေး (ဗီဒီယို)

05 Nov 2019     2,153 Views


ဖေ့စ်ဘွတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ အွန်လိုင်းမှာနာမည်ကြီးစက ပရိသတ်တွေကြားထဲ အမျိုးမျိုးသောဝေဖန်မှုတွေခံခဲ့ရပေမယ့် ယခုနောက်ပိုင်းမှာတော့ တစ်စတစ်စပေါ်ထွက်လာတဲ့ သူမရဲ့ရိုးသားပွင့်လင်းပြီး ဖြူစင်တဲ့စိတ်ထားလေးကြောင့် လူချစ်လူခင်ပေါများလာတာလဲဖြစ်ပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ တစ်နေ့ထပ်တစ်နေ့ပိုလှလာတာကြောင့် အရင်ကဝေဖန်ခဲ့ကြသူတွေတောင် သူမကိုအချစ်ပိုလာပြီဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဖြူဖြူထွေးကတော့ လက်ရှိမှာ ကြော်ငြာပေါင်းမြောက်များစွာကိုလက်ခံရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးတွေမှာတောင်ပါဝင်တဲ့ထိ အနုပညာလောကထဲမှာ နေရာတစ်နေရာရရှိလာပြီဖြစ်ပါတယ်။ အမြဲတမ်းပြုံးပျော်ရွှင်ပြီး ဟာသတွေအမြဲပြောတတ်တဲ့ ဖြူဖြူထွေးကတော့ လတ်တလောမှာ ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca နဲ့ သွားရောက်တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။

Sinon ဆီသွားတွေ့ခဲ့တဲ့ ဖြူဖြူထွေးကတော့ ၁၂ လက်မလောက်မြင့်တဲ့ Sinon ရဲ့ဒေါက်ဖိနပ်ကြီးကိုစီးပြီး ကိုးရို့ကားယားတွေဖြစ်ခဲ့ရပါတယ်။ Sinon နဲ့အတူ ဒေါက်ဖိနပ်အမြင့်ကြီးစီးကာ ကိုးရို့ကားယားဖြစ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ထိုဗီဒီယိုဖိုင်ကိုတော့ Sinon Loresca က သူ့ရဲ့လူမှုကွန်ယက်မှာတင်ထားတာဖြစ်ပါတယ်။ တစ်ချို့တွေက ဖြူဖြူထွေးရဲ့ပုံစံကိုကြည့်ပြီး ထွန်းထွန်းလောက်တောင် ဖိနပ်အမြင့်ကိုမစီးတတ်ဘူးလို့လဲ မှတ်ချက်ပေးထားတာကို တွေ့ရပါတယ်။

ကြည့်လိုက်ရင် ဟာသလေးဖြစ်စေမယ့် ဖြူဖြူထွေးနဲ့ Sinon Loresca တို့နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်….

 

(ပိုပိုလေး)


05 Nov 2019     2,153 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment