ကွယ်လွန်ခါနီးအချိန်မှာတောင် မိုးလေဝသသတင်းတွေကြေညာနေခဲ့တဲ့ ဆရာကြီးထွန်းလွင်ရဲ့ ဝမ်းနည်းစရာမှတ်တမ်း
05 Nov 2019 1,792 Views
ဆရာကြီးဒေါက်တာထွန်းလွင်ဆိုသည်မှာ မြန်မာပြည်သူပြည်သားတိုင်းအတွက် ရာသီဥတုနဲ့ သဘာ၀ဘေးအန္တရာယ်များကင်းရှင်းစေရန် မိုးလေဝသသတင်းများကို မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနကနေ နှစ်ပေါင်းများစွာ အစဉ်အမြဲထုတ်လွှင့်တင်ဆက်ပေးနေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်ကနေအနားယူပြီးချိန်မှာတောင် ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပြည်သူတွေအတွက် အရေးကြီးတဲ့မိုးလေဝသသတင်းများကို ထုတ်ပြန်ကြေညာပေးနေခဲ့တာဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဆရာကြီးရဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် တာဝန်ကျေပွန်မှုကတော့ အံ့မခန်းဖွယ်ရာပါ။
မိုးလေ၀သနှင့်ဇလဗေဒမှာ ကျွမ်းကျင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးတစ်ဦးဖြစ်တာကြောင့် မြန်မာပြည်သူပြည်သားတိုင်းက ရာသီဥတုသတင်း၊ မိုးလေ၀သကြိုတင်ခန့်မှန်းချက်များနဲ့ပတ်သက်ပြီး ဆရာကြီးကိုပဲ အားကိုးအားထားပြုခဲ့ရတာလဲဖြစ်ပါတယ်။
ဆရာကြီးဒေါက်တာထွန်းလွင်ကတော့ မနေ့က နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ၆ နာရီ ၅၇ မိနစ်ခန့်အချိန်က ကွယ်လွန်အနိစ္စရောက်သွားပြီပဲဖြစ်ပါတယ်။ ဆရာကြီးဆုံးပါးသွားတဲ့သတင်းကြောင့် အများပြည်သူအကုန်လုံးက မယုံနိုင်အံ့ဩခဲ့ရသလို ဝမ်းနည်းပူဆွေးမှုနဲ့အတူ စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရပါတယ်။
တစ်ချိန်ထဲမှာပဲ မျက်ရည်မဆည်နိုင်ဖြစ်သွားစေတဲ့ ဆရာကြီးဒေါက်တာထွန်းလွင်ရဲ့ ဝမ်းနည်းစရာဗီဒီယိုမှတ်တမ်းတစ်ခုက ဖေ့စ်ဘွတ်ပေါ်တက်လာခဲ့ပါတယ်။ နောက်ဆုံးချိန် ဆေးရုံပေါ်မှာ ဝေဒနာခံစားနေရချိန်မှာတောင် ယောင်ယမ်းပြီး ပြည်သူတွေအတွက် မိုးလေဝသသတင်းများကိုကြေညာပေးနေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုက ကြည့်မိသူတိုင်းကို မျက်ရည်များကျစေသည်အထိ စိတ်မကောင်းခြင်းများစွာဖြစ်စေခဲ့ပါတယ်။
ဆရာကြီးဦးထွန်းလွင်တစ်ယောက် ဘ၀တစ်ပါးမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဆရာကြီးရဲ့ဝမ်းနည်းစရာ ဗီဒီယိုမှတ်တမ်းကိုပါ တင်ဆက်ပေးလိုက်ပါတယ်။
(ပိုပိုလေး)