BEC-TERO TV

လည်ပင်းမှာအကျိတ်ထပ်တွေ့တာကြောင့် ခွဲစိတ်ခန်းဝင်ဖို့ စိုးရိမ်ပူပန်နေတဲ့ ထက်ထက်မိုးဦး

04 Nov 2019     1,634 Views


ဒီနေ့ဒီချိန်ထိ ပရိသတ်ရဲ့ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်ဆဲဖြစ်တဲ့ တစ်ချိန်ကလျှမ်းလျှမ်းတောက်နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သူ ထက်ထက်မိုးဦးကတော့ ပရိသတ်ရဲ့အချစ်တွေကို အပြည့်အ၀ရရှိထားသူတစ်ဦးပါ။ အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးမကောင်းတာကြောင့် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးသွားပေမယ့် ထက်ထက်ကိုချစ်တဲ့ ပရိသတ်တွေကတော့ အနုပညာလောကထဲကို သူမပြန်လည်ဝင်ရောက်လာဖို့ အားပေးခဲ့ကြတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထက်ထက်ကလဲ သူမကိုချစ်တဲ့ပရိသတ်ကြီးကြောင့် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အသက်အရွယ်တစ်ခုရလာတဲ့ ထက်ထက်က ကျန်းမာရေးအခြေအနေမှာလဲ ခွဲစိတ်ခန်းတွေဝင်ပြီး ခဏခဏခွဲစိတ်ကုသမှုခံယူနေရသူပါ။ သူမဟာ ငယ်စဉ်ကတည်းကနှလုံးရောဂါအခံရှိသူဖြစ်ပြီး နှလုံးနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုတွေခံယူခဲ့ရသလို မကြာသေးခင်ကလဲ ဆေးရုံတက်ပြီး ဗိုက်ကိုခွဲစိတ်ကုသမှုပြလုပ်ခဲ့ရပါသေးတယ်။

ယခုလဲ သူမလည်ပင်းမှာ အကျိတ်ထပ်တွေ့တာကြောင့် ဆေးစစ်မှုခံယူနေရတဲ့အကြောင်းကို စိတ်မကောင်းစွာပြောဆိုလာပါတယ်။ သူမအနေဖြင့် ဘန်ကောက်မှာ လည်ပင်းခွဲစိတ်မှုပြုလုပ်ထားပြီးမကြာ အခု လည်ပင်းဘယ်ဘက်ခြမ်းမှာ အကျိတ်ထပ်တွေ့တာကြောင့် ခွဲစိတ်ကုသရန်လိုအပ်၊မလိုအပ် ဆေးစစ်မှုခံယူနေတယ်လို့သိရပါတယ်။

ထက်ထက်က ခွဲစိတ်ခန်းတွေခဏခဏဝင်နေရတာကြောင့် ထပ်ပြီးခွဲစိတ်ခန်းဝင်ရမှာ စိတ်ညစ်မိကြောင်းနဲ့ မခွဲစိတ်ရပဲပျောက်ကင်းသွားရင်ကောင်းမှာပဲဆိုပြီး ညည်းညူကာ ရင်ဖွင့်စကားလေးပြောထားတာပါ။ သူမကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ထက်ထက်ရဲ့ရင်ဖွင့်စကားလေးကို မျှဝေပေးလိုက်ပါတယ်။

ထက်ထက်ပြောထားတာက “ဘန်ကောက်မှာ လည်ပင်းခွဲထားတာ ခုဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့ မခွဲစိပ်ရပဲပျောက်ရင်ကောင်းမှာ… ဆုတောင်းမိပါတယ် ခဏခဏခွဲစိပ်ခန်းထဲဝင်ပီးနှလုံးခွဲလိုက် လည်ပင်းခွဲလိုက် ဗိုက်ကခဏခဏခွဲလိုက်နဲ့။ ဘာမှမလုပ်ချင်အောင်စိတ်ညစ်မိပါတယ်။ ဒီတခါတော့မခွဲစိပ်ချင်တော့တာ အမှန်ပါ ဆေးသောက်ပီးပျောက်ရပါစေ ဆုတောင်းနေမယ်” လို့ရေးသားထားတာဖြစ်ပါတယ်။

ထက်ထက်ကိုချစ်တဲ့ပရိသတ်ကြီးက ထက်ထက်တစ်ယောက် မနာမကြင် ခွဲစိတ်စရာမလိုပဲ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဝိုင်းပြီးဆုတောင်းပေးကြပါဦးနော်…..

 

(ပိုပိုလေး)


04 Nov 2019     1,634 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment