BEC-TERO TV

မကွာရှင်းဖြစ်ခဲ့ရင် ဒီနေ့မှာအိမ်ထောင်သက်တမ်း (၂)နှစ်ပြည့်မှာဖြစ်တဲ့ Song-Song Couple

31 Oct 2019     1,539 Views


တောင်ကိုးရီးယား ထိပ်တန်း သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ဟာဆိုရင် ‘နေနဲ့လ ရွှေနဲ့မြ’ လို လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ Descendants of the Sun ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ရင်းက နှစ်ယောက်သား ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။

အောက်တိုဘာ (၃၁) ရက်နေ့ဟာ Song စုံတွဲ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

 သူတို့နှစ်ဦးသာမကွာရှင်းဖြစ်ခဲ့ရင်  ဒီနေ့ဟာ အိမ်ထောင်သက် (၂) နှစ်တိတိပြည့်တဲ့ anniversary နေ့လေးတစ်နေ့ဖြစ်မှာပါ။

ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ ချစ်ခင်နှစ်သက်လို့ လက်ထပ်ခဲ့ပြီးမှ ဇွန်လ ၂၇ ရက်နေ့မှာ ဆောင်းဂျွန်ကီဘက်ကနေပြီး ဆောင်းဟယ်ကျိုကို ကွာရှင်းပြတ်စဲတော့မယ့် အကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဆောင်းဟယ်ကျိုဘက်ကလည်း နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတာဖြစ်ကြောင်း ပရိတ်သတ်ကို ပြန်လည်အသိပေးခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့မှာတော့ တရားရုံးမှာ နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြတ်စဲလိုက်ကြပါတယ်။ Song စုံတွဲဟာ တစ်ဦးနဲ့တစ်ဦး အမှန်တကယ်ချစ်လို့ လက်ထပ်ခဲ့ကြတာဖြစ်ပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။

ဆောင်းဟယ်ကျိုဟာ ငယ်စဉ်ကတည်းက မိဘတွေ ကွာရှင်းပြတ်စဲခဲ့ပြီး အမေတစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာရတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ Kyo ဟာ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အမြဲလိုလို တိုးတက်အောင်မြင်မှုဖို့ ကြံဆနေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

အလုပ်ကို ရူးသွပ်ပြီး အမြဲတမ်းလိုလို နိုင်ငံတကာပတ်ပြီး ကြော်ငြာတွေရိုက် ပွဲတွေ တက်နေရတဲ့ ဆောင်းဟယ်ကျိုနဲ့ နွေးထွေးတဲ့ မိသားစု နေထိုင်မှုပုံစံကို လိုလားတဲ့ ဆောင်းဂျွန်ကီတို့ ဘယ်လိုမှ သဘောထားချင်း မတိုက်ဆိုင်နိုင်တော့တဲ့အဆုံး အပြီးတိုင် နှုတ်ဆက်လမ်းခွဲလိုက်ကြပါတယ်။

(ပိုပိုလေး)

 

 


31 Oct 2019     1,539 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS