တာဝန်ကနေ အနားယူတော့မယ့် အဲလီဇဘတ်ဘုရင်မကြီးရဲ့ အချစ်တော်ကြောင်ကြီး
30 Oct 2019 1,528 Views
‘Doorkins the London cathedral cat’ ဘွဲထူးကိုရရှိထားတဲ့ အဲလီဇဘတ်ဘုရင်မကြီးရဲ့ အချစ်တော် တော်ဝင်ကြောင်ကြီးဟာ အသက် ၁၄ တင်းတင်းပြည့်ပြီးတဲ့နောက် တာဝန်ကနေ အနားယူတော့မယ်ဆိုတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်လာပါတယ်။
သူမရဲ့ နာမည်က Doorkins ဖြစ်ပြီး တစ်ချိန်က သူမဟာ သာမန်လမ်းဘေးကြောင်တစ်ကောင်သာဖြစ်ပါတယ်။ Doorkins ဟာ၂၀၀၈ ခုနှစ်ဝန်းကျင်လောက်မှာ တော်ဝင်မိသားစုတွေ လာရောက် ဝတ်ပြုကြတဲ့ London Cathedral မှာ အစာလာလာရှာတတ်တဲ့ သာမန်ကြောင်တစ်ကောင်ဖြစ်ပါတယ်။ ဘုရားကျောင်းကို အစာရှာဖို့နေ့စဉ်လာရောက်တဲ့ Doorkins ကို ဘုန်းတော်ကြီးက မုန့်တွေ နေ့တိုင်း ကျွေးမွေးခဲ့ပါတယ်။ ထိုအချိန်ကတည်းက Doorkins က ဘုရားကျောင်းမှာ နေခဲ့ပြီး တစ်ရက်မှာ အဲလီဇဘတ်ဘုရင်မကြီးရဲ့ သတိပြုမိတာကို ခံခဲ့ရပါတယ်။
အဲလီဇဘတ်ဘုရင်မကြီးက Doorkins ကိုမြင်မြင်ချင်း နှစ်သက်တော်မူပြီး ‘Doorkins The London Cathedral Cat’ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့အတူ ဘုရားကျောင်းမှာ Doorkins နေထိုင်ဖို့ တော်ဝင် ကုလားထိုင်တစ်လုံးကိုလည်း ချီးမြှောက်ခဲ့ပါတယ်။
နိုင်ငံအရပ်ရပ်က ကမ္ဘာလှည့်ခရီးသွားတွေဟာ Doorkins ကို လာရောက်ကြည့်ရှုဖို့ Cathedral ကို တကူးတကလာရောက်ကြပါတယ်။ သူဟာ သမိုင်းတစ်လျှောက် လမ်းဘေးကြောင်ဘဝကနေ ဘုရင်မကြီး ချီးမြှောက်တာကိုခံခဲ့ရတဲ့ကြောင်တစ်ကောင်ဖြစ်ပါတယ်။ Doorkins အကြောင်းကို ရုပ်ပြကာတွန်း၊ ပန်းချီတွေနဲ့ ရေးသားဖော်ပြထားပြီး ကလေးအများစုကြိုက်နှစ်သက်တဲ့ စာအုပ်တွေဖြစ်လို့လာပါတယ်။
ဒါ့အပြင် Doorkins မှာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook နဲ့ Twitter account တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါက Doorkins ကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဘုန်းတော်ကြီးကနေဖွင့်ပေးထားတဲ့ အကောင့်တွေပဲဖြစ်ပါတယ်။
ဘုရင်မကြီးသာမက အင်္ဂလန်ပြည်သူပြည်သားတွေ၊ နိုင်ငံအရပ်ရပ်က ပရိတ်သတ်တွေ ရဲ့ အချစ်တွေကိုအပြည့်အဝခံယူထားပြီးဖြစ်တဲ့ Doorkins အမည်ရတဲ့ကြောင်ကြီးဟာ အသက် ၁၄ နှစ်အရွယ်မှာ ကျန်းမာရေးအခြေအနေကြောင့် အနားယူတော့မယ်ဆိုတဲ့အကြောင်း သူကိုယ်ပိုင် လူမှုကွန်ယက် စာမျက်နှာတွေကနေ ကြေညာချက်ထုတ်ပြန်လာပါတယ်။
Doorkins တစ်ယောက် တော်ဝင်တာဝန်တွေကနေ အနားယူသွားပေမယ့် သူ့ကို ချစ်တဲ့သူတွေရဲ့ နှလုံးသားထဲမှာ အမှန်တကယ် မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။
Ref:cgtn
(ပိုပိုလေး)