BEC-TERO TV

ကြိုက်မယ့်သူမရှိလို့ (၄) လအတွင်းပေါင် ၇၀ ကျအောင် ကြိုးစားခဲ့တဲ့ ဖြစ်ရပ်

29 Oct 2019     1,545 Views


တောင်ကိုးရီးယား music producer Yoo Jae Hwan (၄) လအတွင်း ပေါင် ၇၀ ကျခဲ့တယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ လတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ Yoo Jae Hwan က အခုလို အသည်းအသန် ဝိတ်ချလိုက်ရတဲ့ အကြောင်းအရင်းကို ‘The Boss Has Donkey Ears’ အစီအစဉ်မှာ ပြောပြလာပါတယ်။

အဆိုပါ အစီအစဉ်မှာ Shim Young Soon အမည်ရတဲ့ နာမည်ကျော် စာဖိုမှူးတစ်ယောက်ပါဝင်ပါတယ်။

“အရင်တစ်ခေါက် Mrs. Shim Young Soon နဲ့တွေ့တုန်းက ကျွန်တော် ရုပ်ရှင်ကြည့်ရင် တစ်ယောက်တည်း ကြည့်ဖြစ်တဲ့အကြောင်း ပြောပြဖူးတယ်။ အဲ့တော့ သူ ကျွန်တော့်ကိုပြန်ပြောတယ်၊ မင်း ဒီလို ဝနေပုံနဲ့တော့ ဘယ်မိန်းကလေးမှ မင်းကိုမကြိုက်ဘူး မြန်မြန်ရည်းစားလေးဘာလေးထားပြီး ရုပ်ရှင်တူတူကြည့်ရအောင် လုပ်စမ်းပါ ဆိုပြီးပြောတယ် ကျွန်တော် အဲ့လို ပြောခံရပြီးကတည်းက ဝိတ်ချလိုက်တာ ခုဒီလို ပုံစံမျိုးဖြစ်လာတာပဲ”   ဆိုပြီးပြောပြသွားပါတယ်။

ဒီတစ်ခေါက်တွေ့တဲ့အခါမှာတော့ Mrs. Shim Young Soon က Yoo Jae Hwan ကို “ဒီတစ်ခါတော့ မင်းအနားမှာကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ” ဆိုပြီးပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ အငြင်းပွားစရာတွေဖြစ်လာပါတယ်။ Mrs. Shim Young Soon ပြောသွားပုံအရ ဝတဲ့သူတွေဟာ ရည်းစားမရနိုင်သလို အိမ်ထောင်မပြုနိုင်တော့တဲ့ ပုံစံဖြစ်နေတာကြောင့် လူကြီးတစ်ယောက်အနေနဲ့ ဒီလိုမပြောသင့်ကြောင်း ၊ သူတစ်ပါးရဲ့ဖြစ်တည်မှုကိုရှုံ့ချဝေဖန်တာကို မကျေနပ်ကြကြောင်း ရေးသားလာကြပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


29 Oct 2019     1,545 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS