အရက်မူးပြီး အမှားလုပ်ခဲ့မိတာဖြစ်ကြောင်း ဝန်ချတောင်းပန်လိုက်တဲ့ လင်းလက်ဟိန်း
29 Oct 2019 1,699 Views
တစ်ချိန်က ရုပ်ရှင်ကားတွေထဲ သီချင်းဗီဒီယိုတွေထဲမှာ ခပ်မိုက်မိုက်စတိုင်လေးနဲ့ကောင်လေးတစ်ယောက်အဖြစ် အမြဲမြင်တွေ့ခဲ့ရတဲ့ လင်းလက်ဟိန်းကိုတော့ ပရိသတ်ကြီးကရင်းနှီးပြီးသားဖြစ်မှာပါ။ သရုပ်ဆောင်တစ်ယောက်အဖြစ် အားပေးလက်ခံသူတွေရှိခဲ့ပေမယ့် လင်းလက်ဟိန်းကတော့ အနုပညာလောကထဲက ထွက်ခွာသွားတာအနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့တဲ့ လင်းလက်ဟိန်းတစ်ယောက် သိပ်မကြာခင်က သတင်းဆိုးကြီးတစ်ခုနဲ့အတူ ပရိသတ်တွေကြားထဲ ပြန်ပေါ်လာခဲ့ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်တွင် မနက် ၅ နာရီခွဲအချိန်ခန့် အမျိုးသားတစ်ဦးမှ ဓားကိုင်ကာမူးယစ်သောင်းကျန်းနေကြောင်း တိုင်တန်းသဖြင့် သွားရောက်ဖမ်းဆီးရာမှ ထိုသူမှာ သရုပ်ဆောင်လင်းလက်ဟိန်းဖြစ်နေကြောင်း သိခဲ့ရတာဖြစ်ပါတယ်။ လင်းလက်ဟိန်းက သူကိုင်ဆောင်ထားသောလက်နက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအားရိုက်နှက်ခဲ့ပြီး လာရောက်ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ကတ်ကြေးဖြင့်ပြေးထိုးခဲ့တာကြောင့် ဗို့အားပြင်းသေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်ပြီး မူးယစ်ရမ်းကားခြိမ်းခြောက်မှုများပြုလုပ်ခဲ့တာကြောင့် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (၃၀၇) ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က ပုဒ်မ ၃၃၂၊ ၃၅၂ နဲ့ အာမခံရရှိထားတဲ့ လင်းလက်ဟိန်းက ဒီကနေ့ အောက်တိုဘာလ (၂၉) ရက်နေ့မှာပြုလုပ်တဲ့ ရုံးချိန်ကိုတက်ရောက်ခဲ့ပြီး သူ့ရဲ့အမှားတွေကို ဝန်ချတောင်းပန်သွားခဲ့ပါတယ်။
အရက်မူးပြီး အမှားလုပ်ခဲ့မိတာကြောင့် လက်ရှိမှာတရားရင်ဆိုင်နေရပြီဖြစ်တဲ့ လင်းလက်ဟိန်းက “ကျွန်တော်က မူးပြီးမှားသွားတာပေါ့၊ အားလုံးကိုလည်း တောင်းပန်ပါတယ်။ အားလုံးစိုးရိမ်အောင်လုပ်လိုက်မိတဲ့အတွက် နောက်ဆိုရင်လည်း မသောက်တော့ပါဘူး။ လိမ္မာပါတော့မယ်လို့” သူ့ရဲ့အမှားတွေကို မီဒီယာတွေနဲ့ တွေ့ဆုံခိုက်မှာပြောကြားသွားတာဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ ထပ်မံပြုလုပ်မှာဖြစ်ပြီး ရက်ပေါင်း (၁၈၀) အတွင်း လက်လက်ဟိန်းရဲ့အမှုကို အပြီးသတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်….
Photos_Cele yatkwat
(ပိုပိုလေး)