BEC-TERO TV

IS အဖွဲ့ခေါင်းဆောင် ခွေးတကောင်လို သေဆုံးခဲ့ပြီလို့ ဒေါ်နယ်ထရန် ပြောကြား

29 Oct 2019     1,384 Views


၂၀၁၉ ၊ အောက်တိုဘာလ ၂၆ ရက်နေ့ ကဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အိုင်အက်စ် အဖွဲခေါင်းဆောင် အဘူ ဘက်ကာအယ်ဘာဒီ သေဆုံးခဲ့တယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရန် ကိုယ်တိုင်က ထုတ်ပြန်ခဲ့ပါတယ်။

IS ခေါင်းဆောင် အဘူ ဘက်ကာအယ်ဘာဒီ သေဆုံးသွားခဲ့ပေမယ့် အိုင်အက်စ် အစ္စလာမစ်အဖွဲ့ကို တိုက်ထုတ်ဖို့က အဆုံးမသတ်သေးဘူးလို့ အမေရိကန်အပါအဝင် မဟာမိတ်တပ်တွေက ပြောကြားခဲ့ပါတယ်။ IS ခေါင်းဆာင်ကျဆုံးသွားတာ အရေးပါတဲ့ ကိစ္စဖြစ်ပေမယ့် IS အဖွဲ့ကျဆုံးသွားတာမဟုတ်တာကြောင့် အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမန်နူရယ် မက်ကွန် ဗြိတိန်ခေါင်းဆောင် တွေက ပြောကြားလိုက်ပါတယ်။

အမေရိကန် မဟာမိတ်ခေါင်းဆောင်းတွေဟာ တရားခံကို အရှင်ရရ ၊ အသေရရ ဖမ်းဆီးဖို့အတွက် အမေရိကန်တပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။ IS ခေါင်းဆာင် အဘူ ဘက်ကာအယ်ဘာဒီ ရှိတဲ့နေရာကို အမေရိကန်တပ်တွေဟာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနေရာမှာ ရှိနေတဲ့ အခြားလူတွေက လက်နက်ချခဲ့ပြီး IS ခေါင်းဆောင်က ကလေးသုံးယောက်နဲ့အတူ ဥမင်လှိုင်ခေါင်းအတွင်းကို ဖြတ်ပြေးခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ လှိုင်းခေါင်းအတွင်းမှတင် သူကိုယ့်သူ ဖောက်ခွဲပြီး သက်သေခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန်က အိမ်ဖြူတော်ကနေ စောင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒိ စစ်ဆင်ရေးအပြီးမှာတော့ ထရန့်ဟာ သတင်းစာရှင်းလင်းပွဲမှာ အိုင်အက်စ် အဖွဲခေါင်းဆောင် အဘူ ဘက်ကာအယ်ဘာဒီဟာ ခွေးတစ်ကောင်လို သေသွားပြီလို့ ပြောကြားလိုက်ပါတယ်။

လူတွေ ဒုက္ခပေးနေတဲ့ အဲ့ကောင် သေသွားပါပြီ ။နောက်  အမျိုးသမီးတွေ ၊ ကလေးတွေ ၊ အပြစ်မဲ့သူတွေကို လိုက်ပြီးဒုက္ခမပေးနိုင်တော့ပါဘူး လို့ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ကြီးဟာ ပိုပြီး လုံခြုံသွားပါပြီလို့ ဆိုပါတယ်။

Ref ; bbc , time

 


29 Oct 2019     1,384 Views




RELATED

Most Popular of International News

Most Popular of NEWS