မယားငယ်အတွက် အသက်ပါ ပေးသွားမယ့် အာဂယောက်ျား (ရုပ်သံ)
24 Oct 2019 1,549 Views
အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ခေါ်တဲ့ လင်ငယ်၊ မယားငယ်ထားတဲ့ ပြဿနာကို ခေတ်မီပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေမှာတောင် လက်မခံနိုင်၊ သည်းမခံနိုင်ကြပါဘူး။ အာရှမှာဆိုရင်တော့ ဆိုဖွယ်ရာမရှိပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ အိမ်ထောင်ရေးဖောက်ပြန်တာကို အပြစ်ပေးအရေးယူနိုင်လောက်တဲ့ ဥပဒေမရှိသေးပါဘူး။ အဲဒါကြောင့် ဇနီးမယားတွေက သူတို့ခင်ပွန်းရဲ့ အငယ်အနှောင်း အမျိုးသမီးတွေကို ကိုယ်တိုင်တရားစီရင်တဲ့ အလေ့အထက ထုံးစံတစ်ခုလို ထွန်းကားလာပါတယ်။
မယားငယ်တွေကို လူပုံအလယ်မှာ အရှက်ခွဲဖို့၊ အိမ်ထောင်ရေးဖောက်ပြန်နေလားဆိုတာ စုံစမ်းပေးဖို့ အလုပ်တွေတောင် ရှိလာပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖန်ချန်းမြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ မယားငယ်ဖမ်းပွဲ ရုပ်သံဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။
လူပုံအလယ် လမ်းမပေါ်မှာ အမျိုးသမီးတစ်ဦးကို အခြားအမျိုးသမီးတွေက ဒေါသတကြီးနဲ့ ဝိုင်းဝန်းကန်ကျောက်ပြီး အဝတ်အစားတွေ ဆွဲချွတ်စုတ်ဖြဲနေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ချစ်သူအမျိုးသားက အမျိုးသမီးပေါ် သူ့ကိုယ်လုံးနဲ့ ကာကွယ်ပေးထားပြီး သူ့ဇနီးမယားနဲ့ အပေါင်းအပါတွေရဲ့ ရိုက်နှက်မှုတွေကနေ ကာပေးထားပါတယ်။ တစ်ချိန်ထဲမှာပဲ ပတ်ဝန်းကျင်ကို ‘ရဲခေါ်ပေးကြပါဗျို့’ လို့ လှမ်းပြီး အော်ဟစ်အကူညီတောင်းခဲ့ပါတယ်။
ရုပ်သံမှာတော့ အမျိုးသမီးတစ်ဦးက ရွှေဆွဲကြိုးကို ဆွဲဖြုတ်ပြီး ကန်ကျောက်နေသလို အခြားအမျိုးသမီးတွေရဲ့ လက်ချက်နဲ့ မယားငယ်ဖြစ်သူမှာ အပေါ်ပိုင်း အဝတ်အစားတွေ မရှိတော့သလောက် ဖြစ်နေပါတယ်။
မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ ရဲတွေရောက်လာမှပဲ သူတို့နှစ်ဦးဟာ သူ့ဇနီးနဲ့ အပေါင်းအပါတွေ ရန်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အခုလို သစ္စာမရှိတဲ့ ခင်ပွန်းတွေ၊ ဇနီးတွေ လက်ပူးလက်ကြပ် ထိပ်တိုက်မိတဲ့အခါ အခုလိုမျိုးမကြာခဏ တိုက်ခိုက်ပြီး လူပုံအလယ်အရှက်ခွဲတာတွေ ပြုလုပ်လေ့ရှိပါတယ်။