BEC-TERO TV

ထိုင်းဘုရင်က နန်းတွင်းအရာရှိ ၆ ဦးကို ထပ်မံအလုပ်ဖြုတ် ရာထူးအဆင့်များရုတ်သိမ်း

24 Oct 2019     1,620 Views


ထိုင်းနိုင်ငံ၏ဘုရင်ကြီး မဟာဗာဂျီရာလောင်ကွန်း က နန်းတွင်းအရာရှိ ၆ ဦးအား စီမံဆောင်ရွက်မှုများ ညံ့ဖျင်းဆိုးရွားလွန်းတဲ့အတွက် တာဝန်မှရပ်စဲ အလုပ်ထုတ်ပြီး အဆောင်ယောင်အဆင့်တန်းများအားလုံး ရုတ်သိမ်းကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့က နန်းတွင်းမှ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလို လုပ်ဆောင်ချက်ဟာ သူ၏ကြင်ယာတော်အား သစ္စာမဲ့သည်ဟု စွပ်စွဲပြီး အဆောင်ယောင်များ ရုတ်သိမ်းခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ထပ်မံအရေးယူမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အရာရှိ ၆ ဦးထဲမှာ အမျိုးသမီးတစ်ဦး၊ အကြီးတန်း ရဲအရာရှိ နှင့် တော်ဝင်အစောင့် နှစ်ဦးတို့ ပါဝင်ခဲ့ပြီး သူတို့အားလုံးဟာ နန်းတွင်းမှာ အမှုထမ်းနေကြသူများဖြစ်ပါတယ်။ AFP သတင်းအရ အိပ်ခန်းစောင့် သူနာပြုဝန်ထမ်းနဲ့ တိရိစ္ဆာန်ဆေးကုတရာဝန်တစ်ဦးတို့ပါ အလုပ်ဖြုတ်ခံရတဲ့အထဲမှာ ပါဝင်ကြောင်း သိရသည်။

နှစ်ကြိမ်ခွဲကာ ထုတ်ပြန်ခဲ့တဲ့ ဘုရင့်နန်းတော်ပြန်တမ်း ကြေညာချက်အရ မင်းခစား ဝန်ထမ်း ၆ ဦးဟာ စည်းကမ်းပိုင်းအရ လက်မခံနိုင်တဲ့ ဆိုးရွားတဲ့အပြုအမူတွေ လုပ်ခဲ့တာကြောင့် တောင်ဝင်ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့တဲ့အတွက် အလုပ်ထုတ်ခံရပြီး ရာထူးအဆင့်များပါ ပြန်လည်ရုတ်သိမ်းကြောင်း ဖော်ပြထားပါတယ်။

“ဘုရင်ကြီးအနေနဲ့ သူတို့ကို တော်ဝန်အမှုထမ်းအဖြစ်ကနေ ရပ်နားဖို့ အမိန့်ပေးလိုက်ပါပြီ၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ စည်းကမ်းပိုင်းအရ လက်မခံနိုင်လောက်တဲ့ အပြုအမူတွေ တော်တော်ဆိုးရွားတယ်လို့ ပြောရမယ့် အချက်တွေကြောင့် ဖြစ်ပါတယ်” လို့ ကြေညာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ရိုက်တာသတင်းထောက်များက အလုပ်ဖြုတ်ခံလိုက်ရတဲ့ ပုဂ္ဂိုလ် ၆ ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးဘူးလို့ သတင်းမှာ ဖော်ပြထားသည်။


24 Oct 2019     1,620 Views




RELATED

Most Popular of International News

Most Popular of NEWS