BEC-TERO TV

အဆုံးမစီရင်ခင်မှာ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ် ပြီးဆုံးအောင်ရိုက်ကူးပေးသွားတဲ့ Sulli

23 Oct 2019     1,568 Views


တောင်ကိုးရီးယား နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

Sulli သေဆုံးပြီး ၉ ရက်အကြာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကုမ္ပဏီ Mystic Story မှ ကြေညာချက်တစ်ခု ထုတ်ပြန်လာပါတယ်။

"Sulli ဟာ Persona 2 အတွက် ဇာတ်လမ်းတို(short film) တစ်ပိုင်းစာကို အဆုံးသတ်ရိုက်ကူးနိုင်ခဲ့တယ် ဆိုတဲ့ သတင်းက အမှန်ပါပဲ။ ကျွန်တော်တို့ အနေနဲ့ ဒီဇာတ်လမ်းကို ထုတ်လွှင့်ပြဖို့ ဆက်လက်ဆွေးနွေးတိုင်ပင်ဦးမှာပါ။ အဓိက ဇာတ်ဆောင် မင်းသမီး အခုလို ရုတ်တရက်ကြီးဆုံးပါးသွားတဲ့အတွက် production ဆက်လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးဆိုတာကိုလည်း တိုင်ပင်နေဆဲပါပဲ။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြီးရင် မီဒီယာတွေကို ပြန်လည် အသိပေးသွားမှာပါ။" ဆိုပြီး ကြေညာချက် ထုတ်ပြန်လာပါတယ်။

Persona 2 ဟာ Netflix က ရိုက်ကူးတင်ဆက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတို အမျိုးအစားဖြစ်ပြီး ဒီဇာတ်ကားရဲ့ season 1 မှာတော့ Sulli ရဲ့ သူငယ်ချင်း IU က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Persona 2 မှာ Sulli ကို အဓိကဇာတ်ဆောင် အဖြစ် သရုပ်ဆောင်ဖို့ လုပ်ထားပေမယ့် ရုတ်တရက် သေဆုံးသွားတာကြောင့် production ရှေ့ဆက်ဖို့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပွားသွားခဲ့ပါတယ်။

ref:allkpop

(ပိုပိုလေး)

 


23 Oct 2019     1,568 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS