BEC-TERO TV

ကိုယ်ချစ်တဲ့သူတွေ သေတဲ့အခါ သူ့ရဲ့တက်တူးတွေ အမှတ်တရ သိမ်းထားနိုင်ပြီ

22 Oct 2019     1,613 Views


“တက်တူး” ချစ်သူတွေအတွက်တော့ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ အရုပ်တစ်ရုပ်ခြင်းစီတိုင်းမှာ အဓိပ္ပါယ်တွေ အပြည့်အဝရှိနေပါတယ်။ “သေရင်ကိုယ်နဲ့အတူပါသွားတာဆိုလို့ တက်တူးပဲရှိတယ်” ဆိုတဲ့ သူတို့ပြောနေကျ စကားလေးက တက်တူးတွေအပေါ် ဘယ်လောက် အလေးထားကြောင်း ပေါ်လွင်စေပါတယ်။

အခုဆိုရင်တော့ ဒီတက်တူးတွေ အားလုံးကို သေရင်တစ်ပါတည်း ယူသွားဖို့မလိုပဲ ကိုယ်ချစ်တဲ့သူတွေအတွက် အမှတ်တရအဖြစ် ချန်ထားခဲ့ချင်ရင် ချန်ထားခဲ့လို့ရနေပါပြီ။

တတ်တူးပညာရှင် Michael Sherwood က မိသားစုတွေအနေနဲ့ သေဆုံးသူရဲ့ တက်တူးအရုပ်ကို အမှတ်တရ သိမ်းထားနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်။

ဒီအိုင်ဒီယာလေးကို သူ့ရဲ့မိတ်ဆွေတွေနဲ့ ဘီယာအတူသောက်ရင်း တက်တူးတွေဟာ ပိုင်ရှင်အတွက် ဘယ်လောက်တောင် အဓိပ္ပါယ်ရှိကြောင်း စကားစမြည်ပြောရင်းကနေ အဲဒီလိုလူတွေ သေသွားတဲ့အခါ သူတို့ရဲ့ တက်တူးတွေကို ကျန်ရစ်သူက သိမ်းထားလို့ရနိုင်မလားလို့ ပြောရင်းကနေ တစ်ကယ်လက်တွေ့ အကောင်ထည်ပေါ်လာတာဖြစ်ပါတယ်။

သေဆုံးသူဆီကနေ ခွာယူထားတဲ့ တက်တူးသားရေကို ဘာမှထိန်းသိမ်းပေးစရာမလိုပဲ မပုတ်သိုး မပျက်ဆီးပဲ ပန်းချီကားတစ်ချပ်လို ချိပ်ဆွဲထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့အတွက် လုပ်ရမယ့် အဆင့်တွေကများလို့ အချိန် သုံးလကနေ လေးလလောက်ထိ ကြာမြင့်မှာဖြစ်ပါတယ်။

လူသေဆုံးပြီး ၇၂ နာရီအတွင်းမှာ စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုမျိုး တက်တူးတွေကို ခွာယူလိုက်လို့ အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာ ပူစရာမလိုပဲ နားရေးထုံးစံအတိုင်း ဆက်လုပ်လို့ရတယ်လို့ဆိုပါတယ်။ မျက်နှာပေါ်မှာ ဆွဲထားတဲ့ အရုပ်ကနေ လိင်အင်္ဂါပေါ်မှာ ထိုးထားတဲ့ တက်တူးရုပ်တွေအထိ လက်ရာမပျက် ရယူပေးနိုင်ပါတယ်။

အခုလို သူတို့ရဲ့ ဝန်ဆောင်မှုကို လူသတ်မှုကျူးလွန်ပြီး သူသတ်ခဲ့တဲ့ လူတွေရဲ့ အရေပြားတွေနဲ့ အဝတ်တွေချုပ်ဝတ်တဲ့ ရာဇဝင်လူသတ်သမား Ed Gein နဲ့တောင် နှိုင်းယှဉ်ပြီး ပြစ်တင်ကဲ့ရဲ့ခံရပါတယ်။

Michael ကတော့ သေဆုံးသူရဲ့ မိသားစုရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးဖို့ အသင့်ရှိနေပါတယ်၊ တက်တူးရုပ်ပါတဲ့ အရေပြားတွေကို စာအုပ်သားရေဖုံး ဒါမှမဟုတ် မီးအိမ် အုပ်ဆောင် စသည်ဖြင့် သွားလေသူနဲ့ မိသားစုတွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စွက်နိုင်အောင် ကူညီတာဖြစ်ပြီး ပေါက်ကရလေးဆယ် လုပ်တာ မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။


22 Oct 2019     1,613 Views




RELATED

Most Popular of Special or Others

Most Popular of NEWS