BEC-TERO TV

အားသွင်းထားတဲ့ဖုန်းကို ဖိမိပြီး ဆယ်ကျော်သက်တစ်ဦး ဓါတ်လိုက်သေဆုံး

30 Sep 2019     1,830 Views


အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဖုန်းအားသွင်းစဉ် ဖုန်းသုံးခဲ့ပြီးနောက် သူ့ရဲ့ အိပ်ယာထဲမှာ ဓါတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
 
 
စက်တင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချိုင်ရာဖမ်စီရင်စုတွင် အသက် ၁၈ နှစ်အရွယ် ‘ဆူသီး’ ဆိုသူ လူငယ်လေး သေဆုံးနေကြောင်း ဦးလေးဖြစ်သူက ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ “ဆူသီး” ဟာ အိပ်ယာပေါ်မှာ ပက်လက်အနေအထားနဲ့ လက်တစ်ဖက်က မီးပလက်ခုံတစ်ခုပေါ်တွင် တင်နေပြီး ခန္ဓာကိုယ်တွင် လျှပ်စစ်စီးနေသေးတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
 
နှုတ်ခမ်းတစ်ခုလုံး ဖြူရော်နေပြီး သူ့ရဲ့ဖုန်းဟာ အားသွင်းထားရင်း တန်းလန်းနဲ့ သူ့ရဲ့ ကိုယ်လုံးအောက်မှာ ပိနေတာကို တွေ့ရပါတယ်။ ဦးလေးဖြစ်သူရဲ့ ပြောပြချက်အရ ညတုန်းက အော်သံတစ်ချက် ကြားလိုက်ရကြောင်း၊ ဒါပေမယ့် သူ့အခန်းကိုတော့ သွားမကြည့်မိခဲ့ဖူးလို့ ဆိုပါတယ်။ သူ့တူလေးဟာ ဂိမ်းကစားနေရင်း အခုလို မကြာမကြာ ထအော်တတ်တာကြောင့် အရင်လိုပဲ ဂိမ်းဆော့ရင်း ထအော်တာလို့ ထင်ခဲ့တာဖြစ်ပါတယ်။
 
 
နောက်တစ်နေ့မနက် သူ့အခန်းကို သွားကြည့်တဲ့အခါမှာတော့ အခုလိုအနေအထားနဲ့ မလှုပ်မရှက်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ “ဆူသီး” ဟာ ဖုန်းသုံးနေစဉ် ဓါတ်လိုက်ခဲ့တာ မဟုတ်ပဲ အားသွင်းထားတဲ့ ဖုန်းကို အိပ်နေရင်း ဖိမိခဲ့ရာမှ ဓါတ်လိုက်သေဆုံးဟန်တူကြောင်း ရဲတွေက မှတ်ချက်ပြုထားပါတယ်။
 
ဒါကြောင့်မို့ အိပ်ယာအနီးနားမှာ ဖုန်းအားသွင်းထားခြင်းကလည်း အသက်အန္တရာယ်ရှိတဲ့အတွက် သတိပြုဆင်ခြင်သင့်ပါတယ်။

 


30 Sep 2019     1,830 Views




RELATED

Most Popular of Special or Others

Most Popular of NEWS