BEC-TERO TV

အမျိုးသမီးဝါဒီ စာအုပ်ဖတ်မိတာကြောင့် ရှုံ့ချဝေဖန်ခံနေရတဲ့ သရုပ်ဆောင် Seo Ji Hye

30 Sep 2019     1,543 Views


တောင်ကိုးရီးယား ဇာတ်လမ်းတွဲ သရုပ်ဆောင် Seo Ji Hye ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ မှာ တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ် ကြောင့် လူထုပရိတ်သတ်ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာကို ခံနေရတာပဲဖြစ်ပါတယ်။

Seo Ji Hye ဟာ “Kim Ji Young, Born in 82” အမည်ရတဲ့ စာအုပ်ကို ဖတ်ဖြစ်ကြောင်း သူမ အင်စတာဂရမ် စာမျက်နှာမှာ ပုံတင်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ လတ်တလော တောင်ကိုးရီးယားရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်နေပြီး ကိုးရီးယားနိုင်ငံမှာရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ ဘဝအခက်အခဲတွေအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။

အခုလို အမျိုးသမီး ဝါဒီ စာအုပ်ဖတ်တဲ့ Seo Ji Hye ကို ကိုးရီးယား လူထုပရိတ်သတ်က ပြင်းပြင်းထန်ထန်ဝေဖန် ရှုံ့ချခဲ့ကြပါတယ်။ Seo Ji Hye ရဲ့ သူငယ်ချင်း သရုပ်ဆောင် Kim Ok Bin က “မင်းဖတ်ချင်တာကို လွတ်လပ်စွာဖတ်ခွင့်ရှိတယ်၊ ဘယ်သူမှ လာ ဆင်ဆာဖြတ်လို့မရဘူး” ဆိုပြီး ကော်မန့်ထဲမှာ ရေးသားထားပါသေးတယ်။

ခေတ်ကြီးက တိုးတက်ပြောင်းလဲလာပေမယ့် ကိုးရီးယားရဲ့ ဖို၊မ ခွဲခြားဆက်ဆံရေးကတော့ အရင်လို အရင်အတိုင်းပဲရှိနေဆဲပါ။ သရုပ်ဆောင် Seo Ji Hye ပဲ မဟုတ်ပါဘူး ဒီမတိုင်ခင် Red Velvet အဖွဲ့ဝင် Irene လဲ မဝါဒီ လွှမ်းမိုးတဲ့ စာအုပ်မျိုးဖတ်တာကြောင့် ရှုံ့ချ ဝေဖန်ခံခဲ့ရပါသေးတယ်။

Seo Ji Hye ဖတ်ခဲ့တဲ့ Kim Ji Young, Borin in 82 ဝတ္ထုစာအုပ်ကို ကမ္ဘာကျော် Train to Busan မှ အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Gong Yoo နဲ့ Jung Yumi တို့က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ အောက်တိုဘာမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Ref:allkpop

(ပုိပုိေလး)


30 Sep 2019     1,543 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS