BEC-TERO TV

ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီယားရဲ့ရှေ့နေနဲ့ ဖခင်ဖြစ်သူအပါအဝင် လူ (၆) ဦးကို ထပ်မံတရားစွဲဆို

27 Sep 2019     2,106 Views


ဗစ်တိုးရီးယားအမှုတွင် တရားခံဟုစွဲချက်တင်ခံထားရသည့် အောင်ကြီးဘက်မှ ရှေ့နေ့အဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ တရားစွဲဆိုမှုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲရသည့်အကြောင်းရင်းမှာ ဗစ်တိုးရီးယားဖခင်ကို စစ်ဆေးမေးမြန်းသည့်နေ့က သတင်းမီဒီယာများတွင် ဒေါ်ဥမ္မာလှိုင်၏သားများနှင့်ပတ်သက်ပြီး ဖြေကြားမှုမှာ ၁၈ နှစ်မပြည့်သေးသည့် သား(၂)ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက်ရစေခြင်းများ ဖြစ်ပေါ်ကာ နစ်နာစေသည့်အတွက် နိုင်လွတ်လုံပုဒ်မအပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပထမစွဲဆိုသည့် နိုင်လွတ်လုံပုဒ်မက တရားဥပဒေနဲ့မညီသည့်အတွက် ပယ်ချခံခဲ့ရပြီး ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနဲ့စွဲချက်တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မနေ့က စက်တင်ဘာလ (၂၆) ရက်နေ့မှာတော့ ဒေါ်ဥမ္မာလှိုင်က နောက်ထပ် လူ (၆) ဦးကို ထပ်မံတရားစွဲဆိုခဲ့ပါတယ်။ ဒေါ်ဥမ္မာလှိုင်ဘက်မှ တရားစွဲဆိုသည့်အထဲတွင် အောင်ကြီးရဲ့ရှေ့နေတစ်ဦးထဲမဟုတ်ပဲ ဗစ်တိုးရီးယားဘက်မှလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အပြင်၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူ၊ ဦးလေး၊ အဒေါ်နဲ့အတူ သက္ကမိုးညိုတို့အပါအဝင် လူ (၆) ဦးကို ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ရှေ့နေဒေါ်ရွက်နုအောင်ရဲ့ပြောကြားချက် ဗီဒီယိုကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်….

 

Video_7 Day TV

(ပိုပိုေလး)


27 Sep 2019     2,106 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS