ကွာရှင်းရတော့မယ့် ခင်ပွန်းသည်အကြောင်း သီချင်းရေးဖွဲ့ သီဆိုပြလိုက်တဲ့ ဂူဟဲဆောင်းန်
27 Sep 2019 1,386 Views
F4 မင်းသမီးလေး ဂင်ဂျန်ဒီဆိုပြီး မြန်မာပရိတ်သတ်တွေသိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ခင်ပွန်းသည် အန်ဂျယ်ဟွန်း သူမကို ကွာရှင်းလိုတဲ့အကြောင်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ ပြောပြလာပါတယ်။ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းလိုပေမယ့် သူမဘက်က ကွာရှင်းပြတ်စဲလိုစိတ် တစ်စက်မှမရှိကြောင်း ရှေ့နေမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။
ဒီလိုပြဿနာတွေဖြစ်ပျက်သွားပြီးနောက် ဂူဟဲဆောင်းန် အနုပညာလောကကနေ နှုတ်ထွက်မယ်ဆိုပြီး ကြေညာခဲ့ပေမယ့် နောက်ဆုံးအနေနဲ့ “I’m your companion pet” ဆိုတဲ့စာအုပ်ထွက်ရှိခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ဂူဟဲဆောင်းန်ဟာ အန်ဂျယ်ဟွန်းနဲ့ သူတို့ နှစ်ယောက်အကြောင်း ရေးစပ် သီကုံးထားတဲ့ သီချင်းလေးတစ်ပုဒ် ပရိတ်သတ်ကို ချပြလိုက်ပြီပဲဖြစ်ပါတယ်။
သီချင်းလေးနာမည်က “ငါသေလိုက်ရမလား” ဆိုပြီး သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ သီချင်းစာသားများနှင့်တကွ ရေးသားဖော်ပြထားပါတယ်။
ဂူဟဲဆောင်းန် သီချင်းမှာပါဝင်တဲ့ စာသားတွေထဲမှာ “တစ်ချိန်က ငါ့ကို အရမ်းချစ်ခဲ့တဲ့နင် ဘယ်ရောက်သွားလဲ ငါအခု နင့်ကို အရမ်းလွမ်းတယ်၊ နင့်ရဲ့ အသက်ရှူသံတွေကို ငါ့နားထဲ ခုထိကြားယောင်နေတုန်းပဲ၊ ငါ့ နှလုံးသားက ငိုကြွေးနေပြီ ငါသေဆုံးလိုက်ရမလား? ဘယ်အရာမှ မတည်မြဲဘူး၊ ငါ့ခံစားချက်တွေ ပျောက်ဆုံးသလို နင်လဲ ငါ့ကို ဆုံးရှုံးသွားပြီ။ နှုတ်ဆက်စကားကိုလဲ ငါမပြောနိုင်ဘူး။ မင်းတစ်ယောက်ထဲကိုပဲ နှုတ်ဆက်လိုက်ပါတယ်။ ငါတကယ်သွားပါပြီ” ဆိုတဲ့ စာသားတွေဟာ ပရိတ်သတ် ရင်ကို အရှိုက်ထိသွားစေတဲ့ စာသားတွေပဲဖြစ်ပါတယ်။
လတ်တလော အန်ဂျယ်ဟွန်းက ဂူဟဲဆောင်းန်ကို ကွာရှင်းခွင့်မပေးတာကြောင့် တရားရုံးမှာစွဲချက်တင်ထားတာဖြစ်ပြီး ဂူဟဲဆောင်းန်ဘက်က အန်ဂျယ်ဟွန်း ဖောက်ပြန်ထားတယ်ဆိုတဲ့ သက်သေတွေနဲ့ ကွာရှင်းလို့မရအောင် ဆက်လက် လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။
အရမ်းချစ်ရတဲ့ ခင်ပွန်းသည်နဲ့ တရားရုံးမှာ ထိပ်တိုက်အမှုရင်ဆိုင်ရမှာဖြစ်လို့ သူမအနေနဲ့ စိတ်မကောင်းဖြစ်နေမှာအမှန်ပါပဲ။ သူမအတွက် ကောင်းမွန်တဲ့အရာတွေပဲ ဆက်လက် ဖြစ်တည်လာပါစေလို့ ဆုတောင်းပေးနေရုံမှ တစ်ပါး………………
Ref:koreaboo
(ပိုပိုေလး)