ချစ်သူနဲ့ပုံရိပ်တွေထွက်လာပြီးနောက် ကချင်လူမျိုးများကြားဝေဖန်ခံနေရတဲ့ စူပါမော်ဒယ် အောန်ဆိုင်း
27 Sep 2019 1,727 Views
ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ ကချင်လူမျိုးတွေအတွက် ဂုဏ်ယူအားထားရတဲ့အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လို့ သိုဝှက်ထားတဲ့အောန်ဆိုင်းတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက သူမချစ်သူနဲ့တွဲရိုက်ထားတဲ့ပုံရိပ်တွေ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။
သူမကိုချစ်တဲ့ ပရိသတ်တွေကြားမှာတော့ မထူးခြားခဲ့ပေမယ့် ကချင်လူမျိုးများကြားမှာတော့ အောန်ဆိုင်းတစ်ယောက် ဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။ အောန်ဆိုင်းရဲ့ချစ်သူဟာ တစ်ချိန်ကနိုင်ငံကိုယ်စားပြု အားကစားသမားတစ်ယောက်ဖြစ်ခဲ့ဖူးပြီး လူမျိုးမတူတာကြောင့် ကချင်အမျိုးတွေကြားထဲမှာ လူမျိုးခြားနဲ့ရည်းစားဖြစ်တယ်ဆိုပြီး ဝေဖန်သံတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
သူတို့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုတော့ ကချင်ပေ့ချ်တစ်ခုကနေ ရေးသားဖော်ပြထားတာဖြစ်ပြီး ထိုပို့စ်ရဲ့အောက်မှာတော့ ကချင်လူမျိုးအများစုက အောန်ဆိုင်းရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ပြောဆိုထားကြတာဖြစ်ပါတယ်။ တစ်ချို့သူတွေကလဲ အောန်ဆိုင်းရဲ့အချစ်ရေးကို လက်ခံသဘောတူတာလဲ တွေ့မြင်ရပါတယ်။
ပရိသတ်ကြီးရော အောန်ဆိုင်းရဲ့အချစ်ရေးကို ဘယ်လိုမျိုးမြင်မိပါလဲ.... လူမျိုးခြားကို ရည်းစားထားမိတာ အပြစ်ဖြစ်သလားဆိုတာ ပြောခဲ့ပါဦးနော်....
Source_Kachin Graceful Miss Myanmar
(ပိုပိုေလး)