၂၀၂၀ ဂရမ်မီဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ Blackpink
27 Sep 2019 1,554 Views

တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အရှေ့ အာရှနိုင်ငံတွေတင်သာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ Kpop အဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်။
Blackpink ဟာပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလမှာ အမေရိကန်ရဲ့ အခမ်းနားဆုံး ဂီတဖျော်ဖြေပွဲကြီး Coachella မှာ ပထမဆုံးအမျိုးသမီး Kpop အဆိုတော်အဖွဲ့အဖြစ် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၇ မှာ ကျင်းပပြုလုပ်သွားမယ့် ဂရမ်မီ တေးဂီတ ဆုပေးပွဲကြီးရဲ့ ဆန်ခါတင် စာရင်းဝင်မှာ Blackpink က Best New Artist အနေနဲ့ ပါဝင်လာပါတယ်။ Blackpink နဲ့အတူ Best New Artist ဆန်ခါတင်စာရင်းဝင်သူတွေကတော့ Billie Ellish , Calum Scott , Lil Nas X, Lizzo တို့ပဲဖြစ်ပါတယ်။
Blackpink ဟာ ၂၀၁၈ ခုနှစ် ‘Duu-Du Duu-Du’ သီချင်းထွက်ရှိပြီးနောက်ပိုင်း အမေရိကန် ဂီတစျေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် လူတိုင်းချစ်တဲ့ Blackpink ကမ္ဘာကျော်တဲ့ Blackpink ဖြစ်လာပြီမို့ blinks လေးတွေ ဂုဏ်ယူနေရမယ့် အချိန်လို့ ဆိုရမှာပါပဲ။
Ref:koreaboo
(ပိုပိုေလး)