ရန်ကုန်မျက်မမြင်ကျောင်းမှာ မနက်စာအလှူဒါနပြုရင်း မျက်ရည်များကျခဲ့တဲ့ Sinon Loresca
26 Sep 2019 1,426 Views
LGBT တစ်ယောက်ဖြစ်တဲ့သူဟာ ကမ္ဘာအရပ်ရပ်က ယောကျာ်း၊မိန်းမမရွေး ချစ်ခင်အားပေးသူပရိသတ်တွေကိုပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာလဲ Sinon ချစ်ကြအားပေးကြတဲ့ ပရိသတ်တွေမြောက်များစွာရှိနေပါတယ်။ ထိုထဲမှာ မော်ဒယ်သရုပ်ဆောင် ပက်ထရစ်ရှာဟာလဲ တစ်ယောက်အပါအဝင်ပါ။
လက်ရှိမှာတော့ Sinon ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ်ထပ်မံရောက်ရှိနေပြန်ပါပြီ။ သိပ်မကြာခင်ရက်ပိုင်းကပင် မြန်မာနိုင်ငံကို ပထမအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး မရှိဆင်းရဲသားတွေကို အလှူအတန်းတွေပြုလုပ်ခဲ့ပါသေးတယ်။ ပရဟိတစိတ်အပြည့်ရှိတဲ့သူဟာ ယခုဒုတိယအကြိမ်ထပ်မံရောက်ရှိစဉ်မှာလည်း နေရာအနှံ့က မရှိဆင်းရဲသားတွေ၊ လမ်းဘေးမှာဒုက္ခရောက်နေသူတွေကို တက်နိုင်သမျှငွေကြေးပစ္စည်းများ လှူဒါန်းမှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။ ငယ်စဉ်ကဘဝပေးမကောင်းလို့ လမ်းဘေးမှာကြီးပြင်းလာခဲ့ရတာကြောင့် သူ့အနေနဲ့မရှိဆင်းရဲသားတွေကို ယခုလိုမျိုးပြန်လည်ကူညီလှူဒါန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပရဟိတစိတ်အပြည့်ဖုံးလွှမ်းနေတဲ့ Sinon ရဲ့စိတ်ထားလေးဟာ မြန်မာပရိသတ်တွေကြားမှာတော့ ပြောစမှတ်ဖြစ်နေပြီ။ ယနေ့မနက်မှာလည်း Sinon တစ်ယောက် ရန်ကုန်မျက်မမြင်ကျောင်းမှာ မနက်စာအလှူဒါနပြုလုပ်ခဲ့တာကို ထပ်မံမြင်တွေ့ရပါတယ်။ အလှူအတန်းပြုနေစဉ် မျက်မမြင်ကလေးတွေကြည့်ပြီး Sinon ဟာ မျက်ရည်များကျတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေဟာလည်း သူနဲ့ထပ်တူဝမ်းသာပီတိဖြစ်ခဲ့ပါတယ်။
ကြည့်မိရင် ပီတိမျက်ရည်တွေကူးစက်သွားစေနိုင်တဲ့ ရန်ကုန်မျက်မမြင်ကျောင်းက Sinon ရဲ့ အလှူပြုတဲ့ဗီဒီယိုဖိုင်ကိုပါ မျှဝေပေးလိုက်ပါတယ်….
(ပိုပိုေလး)