ဖောက်ပြန်ထားတယ်ဆိုတဲ့ သက်သေတွေနဲ့ အမှုရင်ဆိုင်သွားမယ့် ဂူဟဲဆောင်းန်
25 Sep 2019 1,493 Views
F4 မင်းသမီးလေးဆိုပြီး မြန်မာပရိတ်သတ်တွေသိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။
အန်ဂျယ်ဟွန်း ဂူဟဲဆောင်းန်ကိုကွာရှင်းဖို့ တရားရုံးမှာ စက်တင်ဘာ ၉ ရက်နေ့က အမှုတင်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ ဂူဟဲဆောင်းန်ကို တရားရုံးမှ အသိပေးဆင့်ခေါ်ခဲ့ပါတယ်။ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းခွင့်မပေးတဲ့ဇနီးသည်ကို ခွင့်ပြုထားပြီဖြစ်လို့ ဂူဟဲဆောင်းန်ကလဲ ဖောက်ပြန်ထားတယ်ဆိုတဲ့ သက်သေနဲ့ ကွာရှင်းလို့မရအောင် ပြန်လည် အမှုရင်ဆိုင်သွားမယ်လို့ သူမရဲ့ အမှုဆောင် ရှေ့နေကမီဒီယာတွေကို ပြောပြလာပါတယ်။
“ဂူဟဲဆောင်းန် အန်ဂျယ်ဟွန်းနဲ့အတူ တည်ဆောက်ထားတဲ့ မိသားစုဘဝလေးကို ကာကွယ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပါသေးတယ်။ အခုတော့ ဒါကို ဆက်ပြီး ကာကွယ်ဖို့ မဖြစ်နိုင်တော့ ဘူးလို့ သူမက ပြောပါတယ်။
အန်ဂျယ်ဟွန်း ဖောက်ပြန်တယ်ဆိုတဲ့ သက်သေတွေအကုန်လုံး ဂူဟဲဆောင်းန် ဘက်ကနေပြီး တရားရုံးမှာ ချပြသွားမှာပါ။ ဒီသက်သေတွေနဲ့ပဲ အန်ဂျယ်ဟွန်း ဂူဟဲဆောင်းန်ကို ကွာရှင်းလို့မရအောင် ဆက်လက် အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။” ဆိုပြီး ဂူဟဲဆောင်းန် အမှုဆောင်ရှေ့နေက ပြောပြလာပါတယ်။
မကြာခင် ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာဖြစ်ပြီး ဘယ်သူပြောတာက အမှန်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Ref:koreaboo
(ပုိပုိေလး)