BEC-TERO TV

နာမည်ကြီးကိုရီးယားရုပ်ရှင်ကို အတုခိုးထားတယ်လို့ ဝေဖန်ခံနေရတဲ့ အခမ်းနားဆုံးမေတ္တာရုပ်ရှင်

24 Sep 2019     1,765 Views


တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ နိုင်ငံတစ်ကာရုပ်ရှင်လောကကြီးက ပိုမိုကြီးမားကျယ်ပြန့်လာသလို နိုင်ငံတစ်ကာနဲ့ရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေတဲ့ မြန်မာ့ရုပ်ရှင်လောကဟာလည်း အရင်ကထက်ပိုမို သာလွန်ကောင်းမွန်လာတာကို အားလုံးမြင်တွေ့ရမှာပါ။ ဟာသ၊ ဒရာမာ၊ အက်ရှင်၊ Horror ဇာတ်လမ်းများအပြင် ရိုမန့်တစ်အချစ်ဇာတ်လမ်းများကိုပါ အရည်အသွေးမှီ စိတ်ဝင်စရားကောင်းအောင် ပုံဖော်ရိုက်ကူးလာကြတာကြောင့် ယခုနောက်ပိုင်းမြန်မာ့ရုပ်ရှင်တွေက ပရိသတ်ရင်ထဲနေရာယူနိုင်ခဲ့သလို ရုံပြည့်ရုံလျှံဖြစ်သည်ထိ ပရိသတ်တွေက နှစ်ခြိုက်အားပေးလာကြပါတယ်။

လက်ရှိမှာလည်း ရိုမန့်တစ်အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့ နေခြည်ဦးနဲ့ နေတိုးတို့သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ”ရုပ်ရှင်က ရုံတင်ပြသဖို့အတွက်စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။ မကြာခင် အောက်တိုဘာလမှာရုံတင်ပြသတော့မယ့် ထိုဇာတ်လမ်းလေးရဲ့ ရုပ်ရှင်ပိုစတာနဲ့ ဇာတ်ညွှန်းလေးကလဲထွက်ရှိလာပါပြီ။ 7th Sense Creation ကထုတ်လုပ်ရိုက်ကူးတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကြီးဟာ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကောင်လေးတစ်ယောက်နဲ့ သူရဲ့ဝန်ထမ်းကောင်မလေးတို့ကြားက ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ကုမ္ပဏီသူဌေးသားနဲ့ ၀န်ထမ်းကောင်မလေးတို့ရဲ့ ရိုမန့်တစ်အချစ်ဇာတ်လမ်းလေးမို့ ထွက်ရှိလာတဲ့ ရုပ်ရှင်ပိုစတာလေးကလဲ ချစ်စဖွယ်ပါပင်။ သို့သော်လည်း ထိုရုပ်ရှင်ကားကိုကြေညာပြီးသိပ်မကြာခင်မှာပင် ပရိသတ်တွေကြား ဝေဖန်မှုတွေစတင်ထွက်ပေါ်လာခဲ့ပါတယ်။ ကုမ္ပဏီသူဌေးသားနဲ့ ၀န်ထမ်းကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုပုံဖော်ထားတဲ့ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ညွှန်းဟာ နာမည်ကြီး ကိုရီးယားဒရာမာစီးရီးတစ်ခုဖြစ်တဲ့ What’s wrong with Secretary Kim ရုပ်ရှင်ဇာတ်လမ်းနဲ့ ဆင်တူတယ်ဆိုပြီး ၀ိုင်းပြီးဝေဖန်နေကြတာဖြစ်ပါတယ်။

အခမ်းနားဆုံးမေတ္တာရုပ်ရှင်ကားရဲ့ ဇာတ်ညွှန်းရေးသားသူ မိုးနီလွင်ကတော့ သူ့အနေဖြင့် Secretary Kim ရုပ်ရှင်ကားကို တစ်ခါမှမကြည့်ဖူးကြောင်းနဲ့ ဇာတ်ညွှန်းကူးယူထားတာမဟုတ်ကြောင်း ချေပပြောဆိုထားတာလဲတွေ့ရပါတယ်။ ပရိသတ်ကြီးဝေဖန်ကြသလို ဟုတ်မဟုတ်ကိုတော့ အခမ်းနားဆုံးမေတ္တာရုံတင်တဲ့အခါ ဆက်လက်စောင့်ကြည့်ကြပါဦးစို့လား….

 

(ပိုပိုလေး)


24 Sep 2019     1,765 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment