နှစ်ယောက်သား ပဋိပက္ခတွေဖြစ်နေတဲ့ နန်းဆုရတီစိုးနဲ့ မအေးသောင်း
18 Sep 2019 1,717 Views
မအေးအောင်းနဲ့ နန်းဆုရတီစိုးဆိုသည်မှာ အနုပညာလောကထဲ မတူညီတဲ့နယ်ပယ်မှာ ရှင်သန်နေကြသူတွေဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားမှုတွေကို ကိုယ်စီပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကမှာကျင်လည်နေတာ နှစ်ပေါင်းများစွာကြာနေသူတွေလည်းဖြစ်ပါတယ်။
အနုပညာလောကကို တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ မအေးသောင်းက မြန်မာဆန်တဲ့အလှတရားနဲ့ တည်ငြိမ်ရင့်ကျက်တဲ့သူမရဲ့ပုံစံကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးကလဲ အရုပ်မလေးတစ်ရုပ်လို လှပချောမောသူမို့ သူမရဲ့ပရိသတ်တွေက အခိုင်အမာဝန်းရံအားပေးနေကြတာပါ။ နှစ်ယောက်လုံးကတော့ မတူညီတဲ့အလှတရားကိုယ်စီနဲ့ ပရိသတ်တွေကိုဖမ်းစားထားတာဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
လတ်တလောမှာတော့ နန်းဆုရတီစိုးနဲ့ မအေးသောင်းတို့ရဲ့ကြားမှာ ပဋိပက္ခအနည်းငယ်ဖြစ်ပေါ်လို့နေပါတယ်။ အားလုံးသိထားကြတဲ့အတိုင်း နန်းဆုက အဆိုတော်ဂျီဖက်နဲ့အတူ အများကအားကျရတဲ့မနဲ့မောင် အချစ်ဇာတ်လမ်းကိုတည်ဆောက်ထားပေမယ့် လက်ရှိမှာတော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ပြိုလုစဲစဲအခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်းက မအေးသောင်းက သူမရဲ့ဖေ့စ်ဘွတ်မှာ ဂျီဖက်နဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ပြီး “ဆရာစံမြေးလေးနဲ့တွေ့တုန်း အသဲကွဲသီချင်းလေးတွေမျှော်နေမယ်နော်။ ကိုယ်က အသဲကွဲတဲ့ ဖီလင်ကြိုက်လို့ ဘာ” ဆိုပြီရေးသားခဲ့ပါတယ်။
မအေးသောင်းရဲ့ရေးသားချက်ကြောင့် နန်းဆုရဲ့ Fan တွေက သူများအချစ်ရေးကိုပြိုကွဲစေချင်တာလားဆိုကာ နန်းဆုဘက်ကမခံမရပ်နိုင်ဖြစ်ခဲ့ပြီး ထိုပို့စ်ရဲ့အောက်မှာ မအေးသောင်းရဲ့ဖန်တွေနဲ့ နန်းဆုရဲ့ဖန်တစ်ချို့ အချင်းပွားကာ ပွဲဖြစ်ခဲ့ပါတယ်။ သူမရဲ့အရေးအသားနဲ့ပတ်သက်ပြီး မအေးသောင်းက ဘာမှဖြေရှင်းချက်မပေးခဲ့ပေမယ့် နန်းဆုကတော့ အင်တာဗျူးတစ်ခုမှာ “ပရိသတ်မဟုတ်ပဲ ကိုယ်နဲ့သိနေ ခင်မင်နေတဲ့သူတွေက ကိုယ့်မျက်နှာမှမထောက်ပဲ ၀မ်းသာအားရရေးပြီး အဲ့လိုစနောက်တာမျိုးရေးတာကို မြင်ရတဲ့အချိန်ကျ ရုတ်တရက်တော့စိတ်တိုမိတယ်။
ဒါပေမယ့် သူတို့ကကိုယ်ချင်းမှ မစာတတ်လို့လုပ်တာပေါ့။ သူများရဲ့နှလုံးသားတွေနဲ့ရင်းနှီးပြီး ခံစားနေရတဲ့ခံစားချက်တွေကို ပျက်ရယ်ပြုပြီးစနောက်တာကြတော့ အင်မတန်မှစိတ်မကောင်းဖြစ်မိတယ်။ ကိုယ်သာဆိုရင်လဲ ဒီလိုမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါကိုမြင်လိုက် ကြည့်လိုက်ရတဲ့အချိန်မှာ မြင်ပြီးအံ့သြရုံကလွဲပြီးဘာမှထပ်မဖြစ်တော့ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ နန်းဆုက နာမည်တပ်မပြောသွားပေမယ့်လဲ ပရိသတ်အကုန်လုံးကတော့ ဘယ်သူ့ကိုရည်ညွှန်းမှန်းသိရှိခဲ့ကြပါတယ်။
ဒီနေ့မှာတော့ မအေးသောင်းကသူ့ရဲ့ဖေ့စ်ဘွတ်မှာ ပို့စ်တစ်ခုတင်လိုက်တာတွေ့ရပါတယ်။ သူမရေးထားတာကတော့ “အယ် လူကြားထဲ ဘုန်းကြီးခေါင်းခေါက်ပြီးမှ၊ တောင်းပန်တော့ ဖုန်းကလေးနဲ့နှစ်ကိုယ်ကြားတဲ့လား။ ရှင်ပဲ ငရဲကြီးမှာ…. ကြမ်းကျွံရင် နှုတ်လို့ရပေမဲ့ နှုတ်ကျွံရင်တော့ နှုတ်လို့မရပါဘူးနော်” ဆိုပြီး ရေးတင်ထားခဲ့ပြီး သိပ်မကြာခင်အချိန်မှာပဲ သူမရဲ့ပို့စ်ကို ပြန်လည်ဖျက်သွားခဲ့ပါတယ်။
ပရိသတ်ကြီးရော နန်းဆုနဲ့ မအေးသောင်းကြားက ပဋိပက္ခပြဿနာလေးကို ဘယ်လိုမျိုးထင်မြင်ယူဆမိပါသလဲ။ ခင်မင်ကြတဲ့အနုပညာရှင်အချင်းချင်း နှစ်ယောက်ကြားက အထင်အမြင်လွဲမှားမှုလေးတွေကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းနိုင်ပါစေလို့။ နန်းဆုနဲ့ ဂျီဖက်ရဲ့အချစ်ရေးလဲ အမြန်ဆုံးပြန်အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
(ပိုပိုလေး)