BEC-TERO TV

ကရင်အမျိုးသားအား သတ်ဖြတ်ခဲ့မှုဖြင့် ထိုင်းအရာရှိ ၄ ဦး အမှုရင်ဆိုင်ရမည်

17 Sep 2019     1,592 Views


ကရင်အမျိုးသားရေးလှုပ်ရှာသူ “နိုင်ဘီလီ (ခ) ပေါ်လာဂျီ” အား ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ကမ်ကရချန် အမျိုးသားသစ်တောကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံခဲ့ရမှုအား ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သစ်တောဝန်ထမ်း အရာရှိကြီးများအပါအဝင် လူ ၄ ဦးအား အမှုရင်ဆိုင်ရန် တရားရုံးမှ ဆင့်ခေါ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
 
 
ထိုင်း မြန်မာ နယ်စပ်ရှိ သစ်တောထဲတွင် နေထိုင်နေကြတဲ့ ကရင်ရွာကို ထိုင်းသစ်တောအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ‘နိုင်ဘီလီ’ က သစ်တောအရာရှိတွေကို တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက် “နိုင်ဘီလီ” ကို ကမ်ကရမ်ချန် သစ်တောထဲမှာ ၂၀၁၄ ဧပြီလ ၁၇ ရက်နေ့က နောက်ဆုံးတွေ့ပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။
 
ဒီအမှုကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က မကိုင်တွယ်မီအထိ လူပျောက်မှုအနေနဲ့သာ ရှိနေခဲ့ပါတယ်။ DSI က အမှုကို ယခုလအစောပိုင်းမှာ ကိုင်တွယ်စုံစမ်းခဲ့ပြီးနောက် “နိုင်ဘီလီ” ရဲ့ အရိုးစု အစအနတွေကို ရှာဖွေတွေ့ခဲ့ပါတယ်။
 
 
ဒီအမှုနဲ့ ပက်သက်တဲ့ အထောက်အထားတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ ထပ်ဆင့်သတင်းပေးပို့ခဲ့ရာမှ ယခင်က ကမ်ကရချန် အမျိုးသားသစ်တောကြိုးဝိုင်းရဲ့ အရာရှိချုပ်ဟောင်းကို တရားစွဲဖို့ဖြစ်လာခဲ့ပါတယ်။
 
“နိုင်ဘီလီ” သတ်ခံရတဲ့အမှုကို လူသတ်မှု၊ လုယက်မှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ အမှုနဲ့ပက်သက်သူများကို တရားရုံးမှ ဆင့်ခေါ်စာထုတ်ပေးထားပြီးပုံရကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။
 
 
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ လုံလောက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။ အချို့စွက်စွဲခံထားရတဲ့ တရားခံတွေဟာ အရာရှိကြီးပိုင်းတွေ ဖြစ်နေကြပေမယ့် အမှုကို လာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
စုံစမ်းရေးအဖွဲ့တွေက တရားခံ ၄ ဦးကို တရားစွဲနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေကြောင်း သိရပါတယ်။
 
 
“နိုင်ဘီလီ” ရဲ့ ဇနီးဖြစ်တဲ့ “ပင်နာပါ ဖရက်ဆာပန်” က သူ့ရဲ့ခင်ပွန်းသည်အမှုကို အမှုမှန်ပေါ်အောင် စုံစမ်းပေးခဲ့တဲ့ DSI မှ ဒုတိယရဲမှူးကြီး “ခိုရာဝပ် ပန်ဖရာပက်ခွန်” ကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြပါရှိသည်။

17 Sep 2019     1,592 Views




RELATED

Most Popular of International News

Most Popular of NEWS