BEC-TERO TV

ဘောလုံးချန်ပီယံ ဆွန်ဟောင်မင်ကို သွားရောက်အားပေးခဲ့တဲ့ Blackpink Jisoo

16 Sep 2019     1,536 Views


နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ဟာ Burberry Colletion Show အတွက် လန်ဒန်မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

Ji Soo ဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ စပါးအသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ ဘောလုံးအားကစားပွဲကို သွားရောက်အားပေးခဲ့ပါတယ်။ တောင်ကိုးရီးယားကိုယ်စားပြု ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာလဲ စပါးအသင်းမှာ ရှေ့တန်းကစားသမားအနေနဲ့ပါဝင်ကစားတာဖြစ်ပါတယ်။

Jisoo က ဆွန်းဟောင်မင် ဂိုးသွင်းတာကို ဗွီဒီယိုရိုက်ကူးပြီး instagram story မှာ ‘အတော်ဆုံးပဲ’ လို့ရေးသားခဲ့ပါတယ်။

တစ်ဖန် Goal Scores ပြတဲ့ ဘုတ်ကိုဓာတ်ပုံရိုက်ပြပြီး ‘Woo-ah’ ဆိုပြီး ကျေနပ်အားရနေတဲ့ ပုံစံမျိုးနဲ့ ရေးသားထားပါသေးတယ်။

တော့တင်ဟမ်စပါးဟာ ပြီးခဲ့တဲ့ စနေနေ့၊ Crystal Palace နဲ့ ဘောလုံးပွဲမှာ 4-0 နဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 


16 Sep 2019     1,536 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS