ကွာရှင်းသတင်းပြီးနောက် တီဗွီအစီအစဉ်ကနေ အလိုက်တသိနှုတ်ထွက်ပေးလိုက်တဲ့ အန်ဂျယ်ဟွန်း
16 Sep 2019 1,400 Views
တောင်ကိုးရီးယား ဇာတ်လမ်းတွဲသရုပ်ဆောင် အန်ဂျယ်ဟွန်းဟာ ဇနီးသည် ဂူဟဲဆောင်းန်ကို ကွာရှင်းလိုတဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ဂူဟဲဆောင်န်း အင်စတာဂရမ်မှာပြောကြားချက်အရ ပရိတ်သတ်တွေ သိရှိခဲ့ရပါတယ်။ အန်ဂျယ်ဟွန်းက ဂူဟဲဆောင်းန်ကို အမှန်တကယ်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့အနေနဲ့ ရှေ့ဆက်ဖို့ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရကြောင်း လူမှုကွန်ယက်မှ တစ်ဆင့် အသိပေးထားပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ကွာရှင်းသတင်းပြီးနောက် အန်ဂျယ်ဟွန်း Merbliss ကုန်ပစ္စည်း brands ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်မှ ဖြုတ်ချခြင်းခံခဲ့ရပြီး ဒီတစ်ခါမှာတော့ သူ host အနေနဲ့ ပါဝင်နေကျ အစီအစဉ် Journey To The West ကနေ နှုတ်ထွက်လိုက်ပါတယ်။
Journey To The West မှ အတွင်းလူတစ်ဦးပြောကြားချက်>>
“အန်ဂျယ်ဟွန်းဟာ Journey To The West ရဲ့ ပင်တိုင် host တစ်ဦးဖြစ်ပေမယ့် season 2 မှာ ဆက်ပြီး မပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူက အစီအစဉ်မှာပါဝင်တဲ့ တခြားသူတွေကို မထိခိုက်စေချင်တာရယ်၊ ရိုက်ကူးရေး ဝန်ထမ်းတွေကို အားနာတာရယ်ကြောင့် နှုတ်ထွက်သွားတာပါ။ သူ့မှာထွက်ရှိထားတဲ့ ကွာရှင်းသတင်းကြောင်း ကျန်လူတွေကို မထိခိုက်စေချင်ပုံပါပဲ။
အခုလို အခြေအနေမျိုးမှာ သူ့ကို တီဗွီမှာ ရယ်မောနေတဲ့အခြေအနေမျိုးနဲ့မြင်တွေ့ရရင် ပရိတ်သတ်တွေ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် သူကိုယ်တိုင် နှုတ်ထွက်လိုက်တာပဲဖြစ်ပါတယ်” ဆိုပြီးပြောပြထားပါတယ်။
တစ်ဖန် အန်ဂျယ်ဟွန်း အသိမိတ်ဆွေ ပြောကြားချက်ရ သူဟာ Journey To The West ရိုက်ကူးရေးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ပြီး တီဗွီအစီအစဉ်မှာ ဆက်လက်မပါဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။
Ref:koreaboo
(ပိုပိုလေး)