အသက် (၃၇) ရှိပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လေးလို နုပျိုလန်းဆန်းနေတဲ့ Han Ye Seul
16 Sep 2019 1,498 Views

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Han Ye Seul ဟာဆိုရင် သူမရဲ့ အလှအပနဲ့ နုနယ်ပျိုမျစ်မှုတို့ကြောင့် ပရိတ်သတ်တွေ အလှနတ်ဘုရားမလို့ တင်စားခေါ်ဝေါ်ကြတဲ့အထိပါပဲ။ Han Ye Seul ဟာ စက်တင်ဘာ ၁၈၊ ၁၉၈၁ မှာ မွေးဖွားပြီး ဒီနှစ်ထဲမှာ အသက် ၃၈ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
၃၈ နှစ်ပြည့်ဖို့ သုံးရက်အလိုမှာ သူမ အင်စတာဂရမ် အကောင့်ကနေ ၃၇ နှစ်ရဲ့ နုနယ်ပျိုမျစ်မှုတွေကို ဝေမျှလိုက်ပါသေးတယ်။
Han Ye Seul လူငယ်လေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတာဟာဆိုရင် မကြာခင် အသက် ၃၈ ပြည့်တော့မယ့်လူတစ်ယောက်လို့ကို ထင်ရက်စရာမရှိပါဘူး။
ဆယ်ကျော်သက်လေးလို အမြဲလန်းဆန်းတက်ကြွနေတဲ့ သူမကို ယောင်္ကျားလေးပရိတ်သတ်တွေသာမက မိန်းကလေး ပရိတ်သတ်တွေကပါ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့အထိပါပဲ။
Ref:koreaboo
(ပိုပိုလေး)