BEC-TERO TV

ရုပ်ချောတဲ့လူတွေသာ နားလည်နိုင်မယ့် အချက်(၆) ချက်

13 Sep 2019     1,997 Views


နေ့စဉ်နေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ ရုပ်ချောနေရင် လူတွေက အရာရာအဆင်ပြေနေတယ်လို့ ထင်နေကြတယ်။ ဥပမာ ရုပ်ဖြောင့်တဲ့လူ ပြောတဲ့စကားနဲ့ ရုပ်ဆိုးတဲ့လူ ပြောတဲ့စကားမှာ ရုပ်ဖြောင့်တဲ့လူ ပြောတဲ့စကားက မှားနေမယ်ဆိုရင်တောင် သူပြောတာကို ပိုယုံကြတယ်။ ဒါကလဲ သူ့မှာရှိတဲ့ ဥပဓိရုပ်ရဲ့ အားသာချက်ပေါ့။ ဒါပေမဲ့ ရုပ်ချောတိုင်းလဲ အရာအားလုံးအဆင်ပြေမနေပါဘူး။ ရုပ်ချောတဲ့လူတွေဆီမှာလဲ အခက်အခဲကိုယ်စီရှိကြပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။ ကိုယ့်ကိုယ်ကိုယ် မလုံသလိုခံစားရတယ်။

ရုပ်ချောတဲ့လူတွေဟာ ဘယ်နေရာသွားသွား ချောနေတာကြောင့် အမြဲတမ်းလိုလို လူကြည့်ခံရပါတယ်။ အကြည့်ခံရတာ များလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မလုံတော့သလို ခံစားရတာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ‘ငါဘာဖြစ်နေလို့လဲ လူတွေငါ့ကို ဒီလောက်ကြည့်နေတာ ငါ့မျက်နှာမှာ တစ်ခုခုပေကျံနေလို့လား၊ ငါ့အကျင်္ီများ ပေါက်ပြဲနေတာလား’ ဆိုပြီး အစရှိသဖြင့် ကိုယ့်ကိုယ်ကို မလုံတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

၂။ ငြီးငွေ့လာတယ်။

ရုပ်ချောတော့ အရာအားလုံးကိုငြီးငွေ့လာတယ်။ သူများထက်ပိုရုပ်ချောတော့ ဦးစားပေးခံရတယ်။ အမြဲတမ်းလိုလို ချီးကျူးခံနေရပြန်တော့လဲ ဘဝကြီးက ငြီးငွေ့စရာကောင်းလာတယ်။

၃။ အထီးကျန်တယ်။

ရုပ်ချောတော့ မာနကြီးတတ်တယ်လို့ လူတွေကထင်ကြတယ်။ အဲ့တော့ ရှိန်ပြီး အနားကို မကပ်ရဲကြတော့ဘူး။ ကိုယ့်ကို ကြိုက်နေတဲ့သူရှိရင်တောင် ‘သူက ရုပ်ချောတော့ ရည်းစားရှိမှာပဲ’ ထင်ပြီး ဖွင့်မပြောတော့တာကြောင့် ရည်းစားမရနိုင်ပဲ FA ဖြစ်နေရတာများပါတယ်။

၄။ သဘောမကောင်းချင်ယောင်ဆောင်ရတယ်။

ရုပ်ချောတော့ လူတွေ အာရုံစိုက်တာ အမြဲခံရတယ်။ သဘောကောင်းတာပါ ထည့်ပေါင်းလိုက်ရင် ဒီထက်ပို စိတ်ဝင်စားနိုင်တယ်။ ဒါကြောင့် ရုပ်ချောတဲ့လူတွေဟာ စိတ်ထဲမှာသဘောကောင်းချင်ပေမယ့် ‘ကိုယ့်ကို လွယ်တယ်လို့ ထင်သွားမှာစိုးတာကြောင့်’ သဘောမကောင်းချင်ယောင်ဆောင်နေရတယ်။

၅။ မနာလိုသူပေါတယ်။

ရုပ်ချောတော့ လူတွေ အမြဲစောင့်ကြည့်တာ ခံနေရတယ်။  ဒါကြောင့် ကိုယ့်နာမည်က သူတို့တွေရဲ့ အတင်းပြောတဲ့စကားဝိုင်းမှာ မပါမဖြစ်၊ အထွေအထူး ဘာမှ ပြင်ဆင်စရာမလိုဘဲ မွေးရာပါ ရုပ်ချောနေတော့ မနာလိုသူတွေပေါတာမဆန်းပါဘူးနော်။ I Don’t care လို့ ပြန်ပြောလိုက်ပါ။

၆။ ပွေရှုပ်တယ်လို့ထင်ခံရတယ်။

ရုပ်ချောတော့ ကိုယ့်ကိုလာပြီး flirt လိုသူတွေ များလာတယ်။ ကိုယ်က ဒီတိုင်းနေပေမဲ့ ဟိုလူက လာကြိုက်၊ ဒီလူက လာပိုးပန်းနဲ့ မသိရင် ပွေရှုပ်နေသယောင် အထင်ခံရနိုင်ပါတယ်။
 
(စာကြွင်း-ဒီခံစားချက်တွေကို ရုပ်ချောသူတိုင်း ခံစားဖူးမှာပါ။ ရုပ်ချောနေရင် အလိုလိုနေရင်း ဒီကိစ္စတွေက မဖြစ်မနေကြုံတွေ့နေရတာပါပဲ။)
 
(ပိုပိုလေး)

 

 


13 Sep 2019     1,997 Views




RELATED

Most Popular of Special or Others

Most Popular of NEWS