BEC-TERO TV

ROCK စတားတစ်ယောက်လို အလီဘာဘာကို နှုတ်ဆက်လိုက်တဲ့ ဂျက်မား (ရုပ်သံ)

11 Sep 2019     1,525 Views


တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အလီဘာဘာအွန်လိုင်းဈေးဆိုင် သူဌေးကြီး “ဂျက်မား” ဟာ နှစ်ပေါင်း ၂၀ ကျော် ထိန်းကျောင်းပဲကိုင်လာခဲ့တဲ့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးကနေ စက်တင်ဘာလ ၁၀ ရက်နေ့က အနားယူခဲ့ပါတယ်။
 
လွန်ခဲ့တဲ့တစ်နှစ်က သူကတိပေးထားခဲ့တဲ့အတိုင်း သူ့ရဲ့အသက် ၅၅ နှစ်မြောက်မွေးနေ့မှာ အလီဘာဘာလုပ်ငန်းစုကြီးကို သူစိတ်အချရဆုံး CEO ဖြစ်တဲ့ Daniel Zhang ရဲ့ လက်ထဲကို လွှဲပြောင်းပေးလိုက်ပါပြီ။ 
 
“ဂျက်မား” ဟာ ဥက္ကဋ္ဌနေရာကနေ အနားယူခဲ့ပေမယ့် ဘုတ်အဖွဲ့ထဲမှာတော့ ယခုနှစ်ကုန်ပိုင်အထိ ဆက်လက်ရှိနေပပေးဦးမှာဖြစ်ပါတယ်။ အလီဘာဘာရဲ့ ဥက္ကဋ္ဌရာထူးကနေ အနားယူပြီးတဲ့နောက် သူ့ရဲ့အချိန်တွေကို ပညာရေးဘက်မှာ အသုံးချသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
 
သူ့ရဲ့ ဝန်ထမ်းတွေကို ဂီတဖျော်ဖြေပွဲတစ်ခုနဲ့ နှုတ်ဆက်ခဲ့ပြီး ဒီပွဲမှာ သူကိုယ်တိုင် ROCK စတားတစ်ယောက်လို ဝတ်ဆင်ကာ သူနဲ့အတူ အရာရှိကြီးတွေကပါ သီချင်းကိုယ်တိုင်သီဆိုပြီး နှုတ်ဆက်ခဲ့ကြတာဟာ မျက်ရည်များပင်လည်မိပါတယ်။ ဒီပွဲကြီးကို ပရိသတ် ၈၀,၀၀၀ ဆန့်တဲ့ အားကစားရုံကြီးမှာ ပြုလုပ်ခဲ့တာပါ။ “ဂျက်မား” နဲ့ အရာရှိကြီးများရဲ့ အလီဘာဘာနဲ့ ပက်သက်ပြီး အချိပ်ဆက်မိမိ သီဆိုဖျော်ဖြေမှုများကို အားပေးကြပါဦး။
 

11 Sep 2019     1,525 Views




RELATED

Most Popular of Special or Others

Most Popular of NEWS