BEC-TERO TV

ချစ်သူကို ပြန်လက်မခံတော့ဘူးလို့ အပြတ်သားဆုံးငြင်းလိုက်တဲ့ နေခြည်ဦး

05 Sep 2019     1,925 Views


Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိခဲ့ကြတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကထဲမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်ဆိုပေမယ့် ၀ါရင့်သရုပ်ဆောင်ကြီးတွေနဲ့တောင် တန်းတူရင်ဘောင်တန်းကာ ပီပီပြင်ပြင်သရုပ်ဆောင်ပြနိုင်သူမို့ ပရိသတ်တွေက နေခြည်ဦးကို သရုပ်ဆောင်အဖြစ်ပါ လက်ခံအားပေးလာကြတာဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်များစွာကို မအားမလပ်အောင်လုပ်ကိုင်နေရတဲ့ နေခြည်ဦးကတော့ သိပ်မကြာခင်ကပဲ သူမရဲ့ချစ်သူနဲ့ လမ်းခွဲထားတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ချစ်သူနှစ်ယောက်ကြား ညှိနှိုင်းဖြေရှင်းလို့မရတဲ့ ပြဿနာတွေကြောင့် လမ်းခွဲလိုက်တာဖြစ်တယ်လို့လဲသိရပါတယ်။ ၂ နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူနဲ့လမ်းခွဲခြင်းဟာ ဒါပထမဦးဆုံးတော့မဟုတ်ခဲ့ပါဘူး။ ချစ်သူသက်တမ်း ၁ နှစ်ကျော်လောက်မှာပဲ နေခြည်ဦးဟာ သူမရဲ့ချစ်သူနဲ့ ခဏတာလမ်းခွဲခဲ့ဖူးပါတယ်။ အနေဝေးတဲ့ Relationship ဖြစ်တာကြောင့် လမ်းခွဲခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ချစ်သူနဲ့ပြန်အဆင်ပြေသွားခဲ့ပါတယ်။ ဒ့ါကြောင့် ယခုတစ်ခါမှာလည်း သူမတို့ချစ်သူနှစ်ဦး ပြန်အဆင်ပြေဖို့ကို အားလုံးကမျှော်လင့်နေကြပြီး နှစ်ယောက်လုံးအတွက်လည်း စိုးရိမ်ပူပန်နေကြတာကိုတွေ့ရပါတယ်။  

နေခြည်ဦးကတော့ ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့် အသဲကွဲဖို့အတွက် အချိန်တောင်မပေးနိုင်အောင် အလုပ်တွေကိုသာ စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ အနုပညာအလုပ်တွေနဲ့မအားမလပ်ဖြစ်နေတဲ့ နေခြည်ဦးကိုတော့ သူမရဲ့ချစ်သူအောင်နွေဦးက လူသိရှင်ကြား ဖေ့စ်ဘွတ်ကနေ ပို့စ်တင်ပြီးတောင်းပန်ခဲ့ပါတယ်။ အောင်နွေဦးရဲ့တောင်းပန်စကားကြောင့် Fan တွေက သူမတို့ချစ်သူနှစ်ဦးကို အမြန်ဆုံးပြန်အဆင်ပြေစေချင်ကြပေမယ့် နေခြည်ဦးကတော့ ချစ်သူနဲ့ပြန်အဆင်မပြေတော့ဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုလိုက်ပါတယ်။

နေခြည်ဦးက ချစ်သူနှစ်ဦးကြားက အဆင်မပြေမှုတွေကို “လူတိုင်းက အမှားမကင်းဘူး၊ အမှားလုပ်မိတယ် ဒီကနေပြန်ပြီးသင်ယူတယ်။ ဒါကိုလက်ခံနိုင်လားပေါ့။ ကိုယ်လဲအမှားလုပ်တော့ (၃) ခေါက်လောက်အထိတော့ လက်ခံပေးနိုင်တယ်။ ဒါပေမယ့် အမှားတစ်ခုကို ထပ်ခါထပ်ခါလုပ်လာတာကျ လက်မခံသင့်တော့ဘူး။ လက်ခံရင်လည်း အဲ့လူက အရူးပဲဖြစ်သွားမယ်။ အဲ့ဒါကြောင့် ပြတ်ပြတ်သားသားပဲလုပ်လိုက်တာ။ သူတင်တဲ့ပို့စ်ကိုတွေ့လိုက်တော့ ပိုပြီးသေချာသွားတယ်။ Fan တွေကတော့ သူ့ဘက်ပါနေတယ်။ နောက်ကွယ်ကအကြောင်းအရာနဲ့ ဘာကိစ္စမှန်းသူတို့မှမသိကြတာ။

တကယ်ဆိုရင် နေခြည်ပြန်အလျှော့ပေးလိုက်မယ်ဆိုပြီး လုပ်လို့ရပေမယ့် ဒီအခြေအနေမှာ နေခြည့်ဘက်က No လုံးဝဖြစ်နေပြီဆိုတာ လုံးဝသေချာသွားပါပြီ” ဆိုကာ ချစ်သူနဲ့ပြန်အဆင်ပြေဖို့က လုံးဝမဖြစ်နိုင်တော့ဘူးလို့ မီဒီယာတွေရှေ့မှာ ဖြေကြားသွားခဲ့ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးဆီကို တစ်စုံတစ်ယောက်က နေ့စဉ်ပန်းစည်းများပို့ပေးနေတာကိုလည်း တွေ့ရပြန်ပါတယ်။ သူမဆီကို ပန်းစည်းများပို့ပေးနေတဲ့သူဟာ ဘယ်သူဘယ်ဝါမပြောထားပေမယ့် ပန်းစည်းတွေပေးလို့ကျေးဇူးတင်တဲ့အကြောင်းကိုတော့ သူမရဲ့အင်စတာဂရမ်မှာ ရေးတင်ထားတာကိုတွေ့ရပါတယ်။ Chillies တွေကတော့ ပန်းစည်တွေပို့ပေးနေတဲ့သူက သူမနဲ့လတ်တလော လမ်းခွဲထားတဲ့ချစ်သူပဲလား၊ ဘယ်သူဘယ်ဝါလဲဆိုတာကို သိချင်စိတ်နဲ့ စိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။

 

Source_MC

(ပိုပိုလေး)

 


05 Sep 2019     1,925 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS